စစ်တပ်က ကင်းပုန်းဝပ်စစ်ဆေးနေ၍ ပြည်သူများသတိပြုသွားလာကြရန် တော်လှန်ရေးအင်အားစုများ သတိပေး

မုံရွာ – မန္တလေးလမ်းပိုင်း၌ စစ်တပ်က ကင်းပုန်းဝပ်စစ်ဆေးနေ၍ ပြည်သူများသတိပြုသွားလာကြရန် တော်လှန်ရေးအင်အားစုများ သတိပေး

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်က ကင်းပုန်းဝပ်စစ်ဆေးနေ၍ ပြည်သူများသတိပြုသွားလာကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးသည်။

ယနေ့ (ဇွန်လ ၁၈ ရက်) နံနက်ပိုင်းတွင် မုံရွာ – ချောင်းဦး – မြင်းမူ – စစ်ကိုင်းလမ်းပိုင်း တလျှောက်၌ စစ်ကောင်စီတပ်ဖွဲ့များ ကင်းပုန်းဝပ် အစစ်အဆေးများပြုလုပ်ကာ ခြေရှုပ်နေ၍ ပြည်အသုံးပြုသွားလာခြင်းမပြုလုပ်ကြရန် ​ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးသည်။

“ဆင်ခံဘုရားနားပတ်ဝန်းကျင်သွားလာလို့အဆင်မပြေသေးဘူး။ လမ်းကြောပိတ်ဆို့ထားတယ်လို့သိရတယ်။”ဟု မြင်းမူဒေသခံတစ်ဦးက ပြောသည်။

သို့သော် အရေးပေါ်ကိစ္စဖြင့် သွားလာမည်ဆိုပါက ဂရုစိုက်သွားလာကြရန် ကာကွယ်ရေးအဖွဲ့များက ထပ်မံ သတိပေးသည်။

မုံရွာ – မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလာတိုင်း မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိ၍ ယာဥ်များ မကြာခဏစောင့်ဆိုင်းရလေ့ရှိသည်။

(ယမန်နှစ်အတွင်းက မုံရွာ – မန္တလေးလမ်းပေါ်တိုက်ပွဲဖြစ်ပွားနေ၍ ခရီးသွားယာဥ်များ စောင့်ဆိုင်းနေစဥ်။ ဓာတ်ပုံ – CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *