စစ်သားကတော် ရဲမေကို VPN တွေ့ ဟုဆိုကာ စစ်ကောင်စီက ငွေတစ်သိန်းတောင်း

ဒေးဒရဲတွင် စစ်သားကတော် ရဲမေကို VPN တွေ့ ဟုဆိုကာ စစ်ကောင်စီက ငွေတစ်သိန်းတောင်း

ဝန်ထမ်းအချင်းချင်းဖြစ်တာကြောင့် တစ်သိန်းကို ၅ သောင်းဖြင့်လျှော့ပေး

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့တွင် စစ်ကောင်စီ လက်အောက်ခံ နှင် လက်ပါးစေတွေက စစ်သားကတော် ရဲမေကို VPN Application တွေ့ဟုဆိုကာ ဒဏ်ငွေတစ်သိန်းတောင်းပြီး ငွေညစ်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

“ဒေးဒရဲမြို့ပေါ်နဲ့ အနီးတစ်ဝိုက်မှာ VPN တွေဖမ်းနေကြပါတယ် (စစ်သားမပါ ရဲမပါ) ကျွန်တော်အမျိူးသမီးပါအဖမ်းခံလိုက်ရပါတယ် ဖုန်းယူစစ်တာ VPN တွေ့လို့ဆိုပြီး ဒဏ်ငွေတစ်သိန်းဆောင်ခိုင်းပါတယ် မှီခိုသူရဲမေပါ အမျိူးသားက စစ်သားပါပြောတာ ဝန်ထမ်းအချင်းချင်းမို့ ၅သောင်းပဲပေးဆောင်ပါတဲ့ ဗျ” ဟု စစ်သားတစ်ဦးမှ စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်တွေကိုတိုင်ကြားထားတဲ့ ဓာတ်ပုံကို AAMIJ မှ တွေ့ရှိရပါတယ်။

ဒေးဒရဲမြို့ပေါ်မှာ အခုလို VPN စစ်‌ဆေးမှုတွေကို ရဲတွေက ဖမ်းနေတာဖြစ်ပြီး ဆိုင်ကယ်၄စီးဖြင့် လိုက်ဖမ်းနေတာဟု အဆိုပါ စစ်သားရဲ့တိုင်ကြားစာမှာရေးသားထားပါတယ်။

စစ်ကောင်စီဖက်က VPN နဲ့ပတ်သက်ပြီးငွေညစ်တာတွေမရှိကြောင်း ငြင်းဆိုထားသော်လည်း မြေပြင်မှာတော့ တပ်မိသားစုတွေပါ ငွေညစ်ခံနေရတာလည်းဖြစ်ပါတယ်။

Leave a Comment