ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါသော ကားကို လေဆိပ်လုံခြုံရေး စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ရာမှ ဆရာတော် ပျံလွန်တော်မူ

နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါသော ကားကို လေဆိပ်လုံခြုံရေး စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ရာမှ ဆရာတော် ပျံလွန်တော်မူ

နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါသော ကားကို စစ်တပ်က သေနတ်ဖြင့် ပစ် ခတ်ရာမှ ဆရာတော် ပျံလွန်တော်မူသွားကြောင်း ဆရာတော်နှင့်နီးစပ်သော ဒါယိကာတချို့ကပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့ မန္တလေးသို့ လေယာဉ်ဖြင့် ကြွလာသော နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ သည် တံတားဦး လေဆိပ်မှ အထွက် လေဆိပ် လုံခြုံရေး စစ်တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လေဆိပ် လုံခြုံရေးအစောင့် တပ်က ပစ်တာလို့သိရတယ်။ လေဆိပ်အထွက် ဂိတ်မှာတင် အပစ်ခံရတာ။ ဆရာတော်တော့ နေရာမှာပဲ ပျံလွန်တော်မူတယ်။ ဒီနေ့ပဲ ပျံလွန်တော်မူပါတယ်” ဟု ဆရာတော်၏ ဒါယကာ တစ်ဦးက ဆိုသည်။

လက်ရှိတွင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ တာဝန်ရှိ သံဃာတော်များနှင့် ဒါယကာများက ဆရာတော်၏ ရုပ်ကလပ်ကို သယ်ယူရန် သွားရောက်နေကြပြီဖြစ်ကြောင်း သိရှိရသည်။

ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် မန္တလေးသို့ လေယာဉ်ဖြင့်ကြွလာသော လေဆိပ်မှအထွက် လေဆိပ်လုံခြုံရေး စစ်တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နေရာတွင်ပင်ပျံလွန်တော်မူသွားခြင်းဖြစ်ကြောင်း သိရသည်။

ဘဒ္ဒန္တ မုနိန္ဒာဘိဝံသသည် ဝိနုယာဓိကပရိယတ္တိ ပထမကျော်နှင့် နိုင်ငံတော်အစိုးရပထမကျော်ရထားသော ဆရာတော်တစ်ပါးဖြစ်သည်။

ထို့အပြင် ပရိယတ္တိသဝသနာဟိတ (သကျသီဟ) ဓမ္မာစရိယ၊ စေတိယင်္ဂဏ ပရိယတ္တိဓမ္မာစရိယ ဂဏဝါစက၊ သာသနဓဇဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဋိပါရဂူ၊ နိုင်ငံတော်အစိုးရ တိပိဋက ဒီဃဘာဏက အစရှိသည့်ဘွဲ့များစွာလည်း ရရှိထားသည်။

၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့မှစ၍ ၈ နှစ်ကြာ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ နိုင်ငံတော်သံဃမဟာနာယက၊ ပဓာန နာယကဆရာတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *