ညောင်လေးပင်မြို့နယ်ရှိ စစ်တပ်စခန်း ၃ ခုကို တပြိုင်တည်း တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် အတွင်းရှိ စစ်တပ်စခန်း ၃ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း Fire Dragon PDF တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၃ နာရီ ၅ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင် -မဒေါက်လမ်းပိုင်းရှိ တာပြတ် စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၂ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၅ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA ပူးပေါင်းအဖွဲ့ နှင့် အတူ မီးနဂါးစစ်ကြောင်းမှ ရဲဘော်များက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ကာ ၁ ဦး ပေါင်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ပုဇွန်မြောင်းရွာ ၊ ဆွဲဒလွဲပိုင်း ကျောင်းကြီးဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရ သည်။

ထို့ပြင် ညောင်လေးပင်မြို့နယ် ရေကြည်ချောင်းရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ အကြမ်း ဖက်စစ်သား ထိခိုက်သေဆုံးမှု ထပ်မံရှိနိုင်သော်လည်း အတိအကျ သိရှိရခြင်းမရှိသေးကြောင်း Fire Dragon PDF တပ်ဖွဲ့က ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *