ထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံရှင်းလင်းနေ

စုကလိစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်၊ ထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံရှင်းလင်းနေပြီးမြေမြှုပ်ထားတဲ့ခဲယမ်းတွေရရှိထား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက်က စုကလိစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သားတွေစခန်းစွန့်ထွက်ပြေးသွားလို့ လိုက်လံရှင်းလင်းတိုက်ခိုက်နေသလို မြေမြှုပ်ဝှက်ထားတဲ့ ခဲယမ်းတွေကိုလည်း ရှာဖွေသိမ်းဆည်းနေတယ်လို့ Special Operation Group – SOG အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ မနက် ၇ နာရီက အင်အား ၅၀ ခန့်တပ်စွဲထားတဲ့ စုကလိစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်၁၈ရက်နေ့မနက် ၈ နာရီဝန်းကျင်မှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်။

“စခန်းသိမ်းပိုက်တာကဟုတ်ပါတယ်။ စခတွေဘက်က ထွက်ပြေးသွားလို့ရှင်းနေတုန်းပါပြီးတော့ စခတွေ ဝှက်ထားတဲ့ လက်နက်ခဲယမ်းတွေကိုရှာနေတုန်းမို့ စာရင်းအတိအကျမသိရသေးပါဘူး”လို့ ဒေသတော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးစာရင်းကိုမသိရသေးဘူးလို့ဆိုပြီး SOG ဘက်က ရဲဘော် ၇ ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိထားတယ်လို့သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့မေလက စစ်အုပ်စုရဲ့ ဖိုးချိမှူးစခန်းကိုသိမ်းပိုက်ရရှိထားသလို အခုလမှာတော့ စုကလိစခန်းကိုသိမ်းပိုက်ရရှိခဲ့ပြီး မြေပြင်မှာ တခြားစစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ထုတ်ပြန်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *