တိုက်ကြီးမှ ကြံ့ဖွတ်ပါတီစည်းရုံးရေးမှူး၊ ပျူစောထီးခေါင်းဆောင်နှင့် ရာအိမ်မှူး ဝင်းမောင် နှင့် ဝါးခယ်မမှ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

တိုက်ကြီးမှ ကြံ့ဖွတ်ပါတီစည်းရုံးရေးမှူး၊ ပျူစောထီးခေါင်းဆောင်နှင့် ရာအိမ်မှူး ဝင်းမောင် နှင့် ဝါးခယ်မမှ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ပန်းပင်တန်းကျေးရွာအုပ်စု၊ သဲဖြူပိန်းရှိုလေးကျေးရွာတွင် ကြံ့ဖွတ်ပါတီ၏ စည်းရုံးရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်၊ ရာအိမ်မှူးလည်းဖြစ်သူ ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သာယာ၀တီဂဠုန် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ပန်းပင်တန်းကျေးရွာအုပ်စု၊ သဲဖြူပိန်းရှိုလေးကျေးရွာနေ ပျူစောထီးခေါင်းဆောင်လည်းဖြစ်၊ ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူးလည်းဖြစ်၊ ရာအိမ်မှူးလည်းဖြစ်သူ ဝင်းမောင်ကို နေအိမ်တွင် ဖဲကစားနေစဉ် သာယာ၀တီဂဠုန် တပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ဖဲ၀ိုင်းအတွင်းရှိ သေဆုံးသူ၏ ဆိုင်ကယ်၊ စာရွက်စာတမ်းများ၊ မှတ်ပုံတင်၊ ကြံ့ဖွတ်ပါတီ ဝင်ကတ်၊ ဖုန်း ၁ လုံးနှင့် ငွေကျပ် ၃ သိန်း၊ ရွှေဆွဲကြိုး ၁ ကုံး၊ လက်စွပ် ၁ ကွင်းတို့ကို သိမ်းဆည်းရမိကြောင်း၊ သိမ်းဆည်းရရှိသော ပစ္စည်းများကို မြို့နယ် ပအဖအဆင့်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ အပ်နှံထားကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

ထို့ပြင် ဇွန်လ ၁၄ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ ချောင်းဝ ၁ ရပ်ကွက်တွင် စစ်ကောင်စီလက်အောက်ခံ အရန်ပြည်သူစစ် ရဲရင့်အောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အရန်ပြည်သူ့စစ် ရဲရင့်အောင်က ဇနီးနှင့် သားတို့နှင့်အတူ ဆိုင်ကယ်စီးနင်းလာစဉ် ဂန္ဓာမာလမ်းပေါ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ဇနီးနှင့် သားတို့မှာမူ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *