ပခုက္ကူ၊ နွားထိုးကြီးနှင့် တန့်ဆည်တို့တွင် စစ်ကြောင်းနှင့် ပျူစောထီးရွာများကို ဗုံးကျဲမှု စစ်သားနှင့် ပျူစောထီး ၁၀ ဦးသေဆုံးပြီး ကား ၁ စီးပျက်စီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် တွင်းမပျူစောထီးကျေးရွာကြားတွင် စစ်တပ်ယာဉ်တန်းနှင့်စစ်ကြောင်းကို မိုင်းဆွဲခြင်း၊ ဗုံးကျဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဇွန်လ ၁၈ ရက်နေ့ ပခုက္ကူမြို့၊ တပ်မ ၁၀၁ မှ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းနှင့် ယာဉ်တန်းကို ကမ္မမြို့နှင့်တွင်းမပျူစောထီးကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲ တိုက် ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲချခြင်းတို့ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများအတွင်း စစ်သား၊ ပျူစောထီးများကို ဆေးကုသပေးနေသော ပျူစောထီး ချစ် လွင် သည် ဒရုန်းဗုံးစထိမှန်ဒဏ်ရာဖြင့် တွင်းမပျူစောထီးကျေးရွာကြားအရောက် သေဆုံးသွား ကြောင်း၊ ထို့အပြင် ပျူစောထီး အောင် နေစိုး လည်းခြေထောက်ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းထိမှန်ပျက်စီးသွားသော ယာဉ်များမှာလည်း ပြုပြင်နေဆဲဖြစ်ပြီး ဆက်လက်ထွက်ခွာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖတပ်ရင်း ၁ တပ်ခွဲ – ၁ ၊ တပ်ခွဲ ၂ ၊ ပေါက် ပကဖ ၊ BLY‌ ပြောက် ကျားတပ်ဖွဲ့ ၊ KMDF (ကမ္မတပ်ပေါင်းစု) ၊ PDF Kamma (ကမ္မတပ်ပေါင်းစု) နှင့် Dog Killer Task Force (D K T F) pauk တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်သားများလိုက်ပါလာသည့် ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်အချိန် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာမှ နွားထိုး ကြီးမြို့ဘက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်သားများလိုက်ပါလာသည့် ကားကို ရှောက်တော ရိုးကွေ့အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ ဇွန်လ ၁၅ ရက်နေ့တွင် နွားထိုးကြီးမြို့မှ ပြင်စည်ကျေးရွာဘက်သို့ အကြမ်းဖက်စစ်သား ၁၀ ဦးခန့် လိုက်ပါလာသည့် ဖိုးဝှီးကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေ ဆုံးပြီး ပျက်စီးသွားသည့် ကားကို ပြင်စည်ကျေးရွာသို့ အခြားကားတစ်စီးဖြင့် လာရောက်ဆွဲယူသွား ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Civil Armed Force ထံမှ သိရသည်။

ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ၂ ကြိမ်၊ ဇွန်လ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၃ မိနစ်တွင် ၂ ကြိမ် တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားပျူစောထီးကျေးရွာသို့ ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ ပစ်မှတ်ကို တိကျစွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အကြမ်း ဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Civil Armed Force တပ်ဖွဲ့ဝင်ရဲဘော်များက တိုက် ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သား၊ ပျူစောထီးများဘက်က ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲ ဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။


Comments

Leave a Reply

Your email address will not be published. Required fields are marked *