မဟနဆရာတော် အသတ်ခံရမှုနှင့် ပက်သတ်၍ ဖြစ်စဉ်အမှန်

၁။ ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းက မြို့သာရဲစခန်းမှ စခများသည် မြို့သာ _မန္တလေး ၊ မြို့သာ _ ငါန်းဇွန် လမ်းဆုံအနီးဝန်းကျင်တွင် လာသမျှကားဆိုင်ကယ်တို့အား ဂိတ်ဖွင့် ပိုက်ဆံတောင်းနေစဉ် ဒေသကာကွယ်ရေးအဖွဲ့များမှ ကားဖြင့် သွားရောက်ပစ်ခက်ခဲ့ရာ ရဲဗိုလ်တစ်ဦးနှင့် ပျူ(အမှတ်၄ ရပ်ကွက်မှ ကျားကြီး) တို့ နှစ်ဦးအားထိ၍ သေဆုံးသွားခဲ့သည်။

၂။ပစ်ခတ်ခဲ့‌သော ဒေသကာကွယ်ရေးအဖွဲ့များသည် ငါန်းဇွန်မြို့ဘက် မောင်းသွားသည်အထင်ဖြင့် ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ဖက်ဆစ်တပ် စစ်ကြောင်း ၂ ကြောင်းဖြင့် ပိုက်စိပ်တိုက်ရှာဖွေမှုပြုခဲ့သည်။

မြို့သာ_ ငါန်းဇွန် လမ်းတလျောက် နှင့် ဧရာဝတီမြစ်ကမ်းတလျောက်အတိုင်း ဆင်တပ်ရွာအနောက်ဘက်ထိ ရှာဖွေခဲ့ကြသည်။

၃။ ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းကစ၍ ငါန်းဇွန်မြို့အနောက်ဘက် တာဘောင်လမ်းအတိုင်း ဧရာဝတီမြစ်ရိုးတ‌လျောက်တွင် ၎င်း ၊ ဆိုင်ကယ် ၁၂ စီး အင်းအား ၂၀ ကျော်ခန့်ဖြင့် ဒေသကာကွယ်ရေးအဖွဲ့များအားလိုက်လံရှာဖွေခဲ့သည် ။

ထိုသို့ရှာဖွေစဉ် ဆင်တပ်ရွာမှ တောပြန် ရွာသားများနှင့်တွေ့ရှိပြီး ဝမ်းလျားမှောက်ခိုင်းကာ ရိုက်နှိက်ခဲ့ကြောင်း ကြားသိရသည်။

၄။ မနက်ပိုင်း ၁၀ နာရီအချိန်တွင် ငါန်းဇွန်_မြို့သာ လမ်းတလျောက် နတ်စိမ်း၊ ဂျို၊ မဂျီ၊ကမ္မ ၊ သံကုန်း အနီးသို့ စခများ၊ ပျူများဖြင့် ကင်းပုန်း ၊ လှည့်ကင်းများဖြင့် ဆောင်ရွက်နေချိန် ပဲခူးတိုင်း ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီးက အချိန်ရ၍ ငါန်းဇွန်နယ် ကမ္မရွာ သက်တော်ရှည်ဆရာတော်ဦးအဂ္ဂဝံသအား ကန်တော့ဖို့ သွားရောက် ကြရာ ကမ္မရွာ ဘုန်းကြီးဦးအဂ္ဂဝံသ တပည့်ကြီး ရန်ကုန်ကံသုံးဆင့်ဆရာတော် ဦးဂုဏိကာဘိဝံသ က ကားနောက်ခန်းက လိုက်၍ မပာနဆရာတော်ကြီးက ရှေ့ဆုံးခန်းမှ လိုက်ပါသွားစဉ် ငါန်းဇွန်မြို့နယ် မင်းဂျီ၊ ကမ္မရွာအနီးအရောက် ကင်းပုန်းဝပ်နေသည့် စခ များဖြင့် တိုး၍ မှန်မချပဲ မောင်းလာသည့် ကားဖြစ်၍ PDF ကားထင်ကာ သေနတ်ဖြင့် ဝိုင်းပစ်ခတ်ခဲ့ကြသည်။

အပစ်ခံရပြီး ကားပေါ်ပါလာသည့် ရန်ကုန်ကံသုံးဆင့်ဆရာတော်၊ မပာနဆရာတော်ကြီး နှင့် ကားသမားတို့ ထိမှန်ကုန်ပြီး မဟနဆရာတော်ဘုရားကြီး ပျံတော်မူ၍ ကားသမားက လက်ချောင်းသုံးချောင်းပြတ်၊ ကံသုံးဆင့်ဆရာတော်က မစိုးရိမ်ရ ဒဏ်ရာရ သွားခဲ့သည်။

၅။ ကံသုံးဆင့်ဆရာတော်၊ ကားသမားပါ မန္တလေးနန်းတွင်းထဲမှာ ခေါ်ထား၍ ကားသမားကို PDF က ပစ်တာပါလို့ လိမ်ညာထွက်ဆိုခိုင်းနေကြောင်းသိရသည်။

ဖက်စစ်တပ်မှ မဟနဆရာတော်ဘုရားကြီး၏ ရုပ်အလောင်းကိုပြန်ပေးလိုက်ပါပြီ။

တံတားဦးလေဆိပ်ကအထွက် ပစ်ခတ်ခံရတယ်ဆိုပြီး မီဒီယာမှာ သတင်းဝေဝါးအောင်လုပ်နေခြင်း ဖြစ်ကြောင်း ဖြစ်စဉ်အမှန်ကို တင်ပေးလိုက်ပါသည်။

ခရက်ဒစ် – ယုံကြည်ရသူ အဖွဲ့အစည်းတခု


Comments

Leave a Reply

Your email address will not be published. Required fields are marked *