စစ်ကောင်စီတပ်စခန်း သုံးခုကို KIA တပြိုင်တည်း ဝင်တိုက်

ဖားကန့် – အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို KIA တပြိုင်တည်း ဝင်တိုက်

ကချင်ပြည်နယ် ဖားကန့် – အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့(ဇွန်လ ၂၂ရက်) နံနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA အနေဖြင့် မတ်လ ၇ရက်မှစ၍ နယ်မြေဒေသအလိုက် စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၂၂ရက်တွင် စစ်ရှိန်မြှင့်ထိုးစစ်ဆင်ခြင်းဖြစ်သည်ဟု ဆိုသည်။

” မနက် ၅နာရီမှ ဖားကန့်-အင်းတော်ကြီးဒေသက စကစရဲ့ ဝှေလုံစခန်း၊ ညောင်ပင်စခန်း၊ချောင်း၀ စခန်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တပ်စခန်းများသည် စစ်ရေးအရ အရေးကြီးပြီး အင်းတော်ကြီးဘက်မှ ဖားကန့်သို့ သွားသည့် လမ်းပိုင်း၌ ရှိသည်ဟု ဆိုသည်။

KIA အနေဖြင့် ဇွန်လ ၁၁ရက်က ဝိုင်းမော်- ဆဒုံးဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တစ်ရက်အတွင်း တပ်စခန်း ၁၈ခု သိမ်းပိုက်နိုင်ခဲ့သည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းစစ်မြေ၌ တွေ့ရစဉ်။ ဓာတ်ပုံ – CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *