ဖာပွန်မြို့ရှိ စစ်ကောင်စီဗျူဟာကုန်း ၃၄၀နှင့် ၃၄၁ ဘာလို့အညံ့မခံဘဲ ဆက်တောက်ခံနိုင်တာလဲ

ဖာပွန်မြို့ရှိစစ်ကောင်စီဗျူဟာကုန်း၊ ၃၄၀နှင့် ၃၄၁ ဘာလို့အညံ့မခံဘဲ ဆက်တောက်ခံနိုင်တာလဲ။

ဗိုလ်ချစ်သူရဲ့ လှည့်စားမှုဖြင့် တစ်ပတ်အတွင်း ကားအစီးရေ ၂၀ မှ ၃၀ အထိနေ့ရောညပါ ရိက္ခာပို့ပေး

KNU တပ်မဟာ ၅ မူတြော်ခရိုင် ဖာပွန်အခြေစိုက် စစ်ကောင်စီ၏ ဗျူဟာကုန်းတပ်စခန်း၊ ၃၄၀၊ နှင့် ၃၄၁ တပ်စခန်းတို့သည် အညံ့မခံဘဲ တော်လှန်ရေးတပ်ဖွဲ့များကို ခုခံကာကွယ်တိုက်ခိုက်နေတယ်လို့ အမည်မဖော် လိုသည့် KNU တပ်မဟာ ၅ တပ်မှူးတစ်ဉီးကပြောပါတယ်။

ဖာပွန်ဗျူဟာကုန်း၊ ၃၄၀၊ ၃၄၁ စစ်ကောင်စီအခြေစိုက်သည့်နေရာများတွင် အလွယ်တကူအညံ့ခံဖို့ အရိပ်ယောင်တော့မရှိဘဲ သူတို့မှာ ဆန်၊ ရိက္ခာခြောက်၊ချက်စရာဂစ်အိုးအပြည့်အဝရှိတဲ့အပြင် လက်နက်ခဲယမ်းပါအများအပြားရှိနေတယ်လို့ အဆိုပါတပ်မှူးကဆိုပါတယ်။

“ပြောမယ်ဆို စစ်ကောင်စီအတွက်အလုပ်လုပ်ပေးနေတဲ့BGFခေါင်းဆောင်စောချစ်သူရဲ့လှည့်စားမှုကို ခံရတာကြောင့်လို့ဘဲပြောရမလိုဖြစ်နေတယ်။ ဖေဖော်ဝါရီလလောက်မှာချစ်သူက KNU တပ်မဟာ ၅ တာဝန်ရှိသူနဲ့လာတွေ့ပြီး ကိုယ့်လူကြီးတွေ အယုံလွယ်တဲ့အပြင် စောချစ်သူက ရိက္ခာ၊ လက်နက်ခဲယမ်း ပါပို့ခွင့်ပေးသလိုဖြစ်နေတယ်” ဟု တပ်မှူးကပြောပါတယ်။

“တစ်ပတ်အတွင်းမှာ ဗိုလ်ချစ်သူဘက်က စစ်ကောင်စီတပ်စခန်းအတွက် ဆန်၊ ရိက္ခာခြောက်နဲ့ ထမင်းချက်ဖို့ ဂစ်အိုးများအပြင်လက်နက်ခဲယမ်းပါသယ်ပေးခဲ့တယ်။ တစ်ပတ်အတွင်းမှာ ကားအစီးရေ ၂၀/၃၀ နဲ့ နေ့ရောညပါသယ်ပေးတာ အကြိုက်ဘဲဆိုတော့လက်ရှိဗျူဟာကုန်း၊၃၄၀၊၃၄၁နေရာတွေမှာ ရိက္ခာ၊ ခဲယမ်းတွေပြတ်ဖို့မရှိနိုင်ဘူး” လို့ သူကဆိုပါတယ်။

ဖာပွန်မြို့မှာရိက္ခာများလွန်းလို့မြို့ခံများကိုပါခေါ်ပြီးရောင်းချပေးခဲ့တယ်လို့လည်းဆိုပါတယ်။

“ကျနော်တို့ဘက်ကသိမ်းပိုက်ခဲ့တဲ့ ၁၉ နဲ့ ၆၄၂ တပ်စခန်းနေရာတွေဆို ရိက္ခာ၊ ထမင်းချက်ဖို့ ဂစ်အိုးနဲ့ လက်နက်ခဲယမ်းပါအများအပြားရှိတယ်။ ဆန်၊ရိက္ခာခြောက်တွေဆိုအတော်များများရှိတယ်။ ကိုယ်တွေ ဘက်သယ်နိုင်သလောက်သယ်တယ်။ လူထုကိုလည်းခေါ်ပေးတယ်။ မကုန်ဘူး။ ကျန်တာဖျက်စီးပစ် လိုက်ရတယ်” လို့ တပ်မှူးကပြောပါတယ်။

လက်ရှိဖာပွန်မှာကျန်နေတဲ့စစ်ကောင်စီတပ်စခန်းနေရာရဲ့အမိုးတွေပွင့်ကုန်တော့မိုးတွင်းကာလမှာအခက်နဲ့ကြုံနေရပြီးသူတို့အတွက်နေထိုင်ဖို့အခြေနေဆိုးနိုင်တယ်ဟုသိရပါတယ်။

“ဖာပွန်ဘက်မှာအရှေ့တောင်တိုင်းစစ်ဌာနချုပ်ကကိုင်တွယ်နေပြီး ဖာပွန် စဗခ ၁ လှုပ်ရှားနေတာ စကခ ၈ လက်အောက်ခံဖာပွန်မှာကျနေသေးတယ်။ သူတို့ရဲ့ကွပ်ကဲမှုဌာနခွဲက စကခ ၈၊ တပ်မ၂၂၊ တပ်မ၄၄ လက်အောက်ခံတပ်ဖွဲ့များဖြစ်တယ်” လို့ တပ်မှူးကပြောပါတယ်။

ယခင် KNU အမှတ်၅တပ်မဟာရဲ့စစ်ဆင်ရေးမှူးလက်ထက်တွင် ကမမောင်း၊ဖာပွန်လမ်းပိုင်းတွင် အပြတ်ပိတ် ထားပြီးစစ်ကောင်စီဘက်မှ သွားလာမရနိုင်ဘူးလို့အထက်ပါတပ်မှူးက မှတ်ချက်ပေး ပြောဆိုပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *