ချောင်းဦးရှိ ပျူစောထီးစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းဗုံး ၅ လုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အနောက်တောင်ဘက် ချင်း တွင်းမြစ်ကမ်းဘေးရှိ စစ်သားနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ ကံကြီးကုန်းရွာကို ဇွန် ၂၂ ရက်က တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်ဆီကသိရပါတယ်။

ကံကြီးကုန်းရွာ ဘုန်းတော်ကြီးကျောင်းမှာ စစ်သား၊ ရဲအင်အား ၂၀ ကျော်နဲ့ ပျူစောထီးတွေရှိပြီး ညနေ ၃ နာရီခန့်မှာ Fixed wing Drone ၂ စင်းနဲ့ ဗုံးသီး ၅ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

” ဗုံးသီး ၁၀ လုံးချတိုက်ဖို့ ၅ လုံးပဲချနိုင်ခဲ့တယ်။ သူတို့ဘက်က ကောင် တာပြန်ပစ်တယ်။ တပ်ဖွဲ့အနောက်မှာ ကျတဲ့လက်နက်ကြီးက ထန်းပင်တောင် ပျက်စီးသွားတယ်။ ပျူတွေနေတဲ့ရွာဆိုတော့ သေဆုံးထိခိုက်တာ မသိရသေးပါဘူး” လို့ ဓားမဆိုင်းတပ်မတော် တပ်ရင်းမှူး ဗိုလ်စွမ်း ကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခွဲခန့် ကြာမြင့်ပြီး စစ်သားနဲ့ပျူစောထီးတွေဘက်မှလည်း လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာ၊ ၁၂၀ မမ လက်နက် ကြီး ၃ လုံး ပစ်ခတ်တာတွေရှိပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်အကျအဆုံးမရှိဘဲ ဆုတ်ခွာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလိုတိုက်ခိုက်တဲ့ ကံကြီးကုန်းရွာ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဘုန်းကြီးမှာ သစ်အရောင်းအဝယ်ပြုလုပ်တာ၊ စစ်တပ်နဲ့ ပူးပေါင်းတာ၊ လက်နက်ခဲယမ်းတွေ အများအပြားရှိတာ၊ စစ်တပ်က ရေလမ်းခရီးမှလာပြီး ရိက္ခာထောက်ပံ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၁ ရက်နေ့ကလည်း မုံရွာ-ချောင်းဦး လမ်းမှာ ကြေးနီတင်လာတဲ့ကားကို ကင်းပုန်းယူဖို့ထွက် လာတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ-ဒရုန်းများနဲ့တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *