ငပလီရှိ တပ်မိသားစုဝင်များ ထွက်ပြေးရန် နာရေးကားများကို ငှားရမ်း

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်စခန်းမှ တပ်မိသားစုဝင်များ ရန်ကုန်သို့ပြေးရန် နာရေးကားများကိုငှားရမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၂၃)ရက်နေ့ ညနေပိုင်းတွင် အာရက္ခတပ်တော်(AA)သည် လေဆိပ်အနီး Amazing ဟိုတယ်အထိ ထိန်း ချုပ်ထားကာ လေဆိပ်အတွင်းမှ ပြည်သူ့စစ်များက ခုခံ‌နေပြီး တပ်မိသားစုဝင်များလည်း ရန်ကုန်သို့ထွက်ပြေးရန် နာ‌ရေကားများကိုငှားရမ်းနေကြကြောင်း သိရသည်။

“မြေပြင်က နာရေးကားက ရန်ကုန်သွားရင် အငှားလိုက်ပေးတာ။ နာ ရေးကားဆိုပေမယ့် ပြောင်းမယ်၊ ရွေ့မယ်ဆိုရင်လည်း လိုက်ပေးတယ်။ အဲ့ဒါ ညနေ(၄)နာရီလောက်က တပ်မိသားစုတွေက ငှားကြတာရှိတယ်။ ချက်ခြင်း ကား(၃၊ ၄)စီးလိုတာမျိုးငှားကြတယ်။”ဟု ဒေသခံတစ်ဦးက ယနေ့ ဇွန်လ(၂၃)ရက်နေ့ ည(၉)နာရီခွဲတွင်ပြောသည်။

ထို့အပြင် လေဆိပ်အနီးရှိ ခမရ(၅၆၆)မှ တပ်သားများ ခလရ (၅၅)တပ်အတွင်းသို့ သွားရောက်ပူးပေါင်းနေကာ လက်နက်ချရန်လုပ်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

“ဇီးဖြူကုန်းနဲ့ Amazing(Amazing Ngapali Resort ) ဟိုတယ်ကို AA ယူလိုက်ပြီ။ လေဆိပ်က ပြည်သူ့စစ်တွေ ရှိနေသေးတုန်းပဲ။ AA က ပိတ်ဆို့ထားတာပဲရှိ သေးတယ်။ ခမရ (၅၆၆)ကလေဆိပ်နားပဲလေ ကပ်နေတာ။”ဟု ဒေသခံတစ်ဦးကပြောသည်။

Amazing Ngapali Resort သည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ရင်းနှီးသူဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဟော်နန်းအတု ဆောက်လုပ်ခွင့်နှင့် တာချီလိတ်မြို့နှင့်ကျိုင်းတုံတို့တွင် ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ဦးအောင်မျိုးမင်းဒင် ပိုင်ဆိုင်သည့် Resort ဖြစ်သည်။

ခမရ(၅၆၆)တပ်ရှိ လက်နက်များကို ဂျိတ္တောရဲစခန်းသို့ ရွေ့ပြီး ဂျိတ္တောတွင် သတိဝရိယနှင့်နေထိုင်ကြရန် မခြေအနေအရ ညတွင်း ခြင်းပြေးရနိုင်ကြောင်း အုပ်ချုပ်ရေးမှူးများက ပြောဆိုနေသည်။

ယမန်နေ့ညပိုင်းကလည်း သံတွဲမြို့အနီး ရွှေကျောင်းပြင်ရွာကို AA ဝင်ရောက်သည်ဆိုသော သတင်းကြောင့် စစ်ကောင်စီတပ်က လေ ကြောင်းမှ ဗုံးကြဲရာ နေအိမ်နှစ်လုံးပျက်စီးပြီး (၂)ဦးသေ၊ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။

သံတွဲတိုက်ပွဲအခြေအနေကြောင့် သံတွဲမြို့ပေါ်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသည်။

ပုံအညွှန်း – သံတွဲတိုက်ပွဲအခြေအနေကြောင့် သံတွဲမြို့ပေါ်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ အလုံးအရင်းဖြင့် ထွက်ခွာနေကြပုံ


Comments

Leave a Reply

Your email address will not be published. Required fields are marked *