ဆားလင်းကြီးကသံဃာတွေကလည်း စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်လိုက်ကြပြီ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက သံဃာတွေဟာ အာဏာလုအကြမ်းဖက်စစ်အုပ်စုကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်လိုက်ပြီလို့ ဒေသခံတွေကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။

ဒီနေ့မနက်ပိုင်းက ဆားလင်းကြီးနယ်က သံဃာတွေဟာ လွတ်မြောက်နေရာတနေရာကသိမ်မှာဘဲ စစ်အုပ်စုကို ဝိနည်းတော်နဲ့အညီပတ္တနိက္ကုဇ္ဇနကံဆောင် သံဃာ့သပိတ်စတင်လိုက်ပြီလို့ သိရပါတယ်။

“အခုကခွေးကြောင်းတွေကလည်း မကြာခဏထိုးနေတဲ့ကြားကနေ ဆရာတော်တွေက ကံဆောင်သပိတ်မှောက်ဖို့ကြေငြာလိုက်တာပါ။ စခဘက်ကတော့ သူတို့လှုပ်ရှားနယ်မြေထဲကကျောင်းတွေကို ဝင်ရောက်စုံစမ်းတာတွေရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ဆရာတော်တွေ ကံဆောင်သပိတ်မှောက်ရာမှာ လိုအပ်တာတွေ ကူညီပေးနိုင်ဖို့ ဝန်းရံသွားဖို့ရယ် တခြားနည်းနာအနေနဲ့ စစ်အုပ်စုကိုဆန့်ကျင်သွားဖို့ရှိပါတယ်”လို့နိုင်ငံရေးတက်ကြွလှုပ်ရှားသူဒေသခံတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ဇွန် ၂၃ရက်နေ့ကစပြီး ချောင်းဦးသံဃာထုက ကံဆောင်သပိတ်မှောက်ခဲ့သလို မနေ့က ဒီပဲယင်းဆရာတော်တွေနဲ့ဒီနေ့မှာ ဆားလင်းကြီးဆရာတော်တွေက အကြမ်းဖက်စစ်အုပ်စုကို ပတ္တနိက္ကုဇ္ဇနကံဆောင် သံဃာ့သပိတ်စတင်လိုက်ကြတာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *