တော်လှန်ရေးရဲဘော်များကို ပြည်သူများ ဂုဏ်ပြုကြိုဆို

ရှင်မကန်ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်ကာ အောင်ပွဲရခဲ့သည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများ ဂုဏ်ပြုကြိုဆို

မကွေးတိုင်း၊ပခုက္ကူမြို့နယ် ဖလံအိုကျေးရွာအုပ်စု ရှင်မကန်ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်ကာ အောင်ပွဲရခဲ့သည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီ မိနစ်၂၀ အချိန်တွင် ရှင်မကန်ပျူစောထီးရွာကို လက်နက်ကိုင် တော်လှန်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ ရှင်မကန်ပျူစောထီး ၁၀ ဦး ဝန်းကျင်သေဆုံးခဲ့ကြောင်း သိရှိရသည် ။

အဆိုပါ တိုက်ပွဲတွင် ကာဘိုင်အမျိုးအစား သေနတ် ၄ လက် ၊ ဘီအေ(63) အမျိုးအစား သေနတ် ၁ လက် ၊လက်လုပ်သေနတ် ၁ လက် ၊ ကာဘိုင်သေနတ်ပြောင်း ၂ ပြောင်း ၊ လက်ပစ်ဗုံး ၂ လုံး ၊ လမ်းလျှောက်စကားပြောစက် ၁ လုံး ၊ ခဲယမ်းကျည်မျိုးစုံ ၅၀၀ ဝန်းကျင်၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်း ရရှိခဲ့ကာ သုံ့ပန်း ၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး- PRF ထံမှ သိရှိရသည်။

ရှင်မကန် ပျူစောထီးရွာတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး ( PRF)အပါဝင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ဒေသခံ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မြိုင် ပကဖ၊ဓါးမင်းကြီး တပ်ဖွဲ့၊MCKC PDF၊King Fighter (SGF)၊BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊PDF Kamma တပ်ပေါင်းစု၊ Pauk Basic on Revolution Force (ဗိုလ်တစ္ဆအဖွဲ့)၊Pauk ပကဖ Drone Team၊7 star ( မြိုင် ပကဖ)၊ဗိုလ်စနေ အဖွဲ့၊Red Giantနဂါးနီ ၊ကမ္မတော်လှန်ရေးတပ်ဦး KMRFတို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဧရာဒေါင်းတပ်ဖွဲ့က ရဲဘော် ဟီးရိုးလည်း တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *