မတ္တရာနယ် အရှေ့ခြမ်းမှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်အုပ်စုက လေကြောင်း ဗုံးကြဲနေ

မန္တလေးတိုင်း၊ မတ္တရာနယ် အရှေ့ခြမ်းမှာ ဒီမနက်ပိုင်း တိုက်ပွဲ ပြင်းထန်နေပြီး မနက်(၈)နာရီလောက်က စလို့ မတ္တရာမြို့ အရှေ့မြောက်ဘက်က ဆည်တော်ကြီး၊ အင်ကြင်းမြိုင်နဲ့ ပန်းသလဲတောင် တဝိုက်ကို စစ်အုပ်စုက တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေနဲ့ လေကြောင်း ဗုံးကြဲနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

ဒီနေ့ ဇွန်(၂၅)ရက် မနက်ပိုင်း မတ္တရာနယ် အရှေ့ခြမ်းက စစ်အုပ်စုရဲ့ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေး တပ်ကို တော်လှန်ရေး တပ်တွေက စတင်တိုက်ခိုက်ရာက တိုက်ပွဲ ပြင်းထန်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ ဒီမနက်(၈)နာရီ(၁၅)မိနစ် ဝန်းကျင်မှာ မတ္တရာနယ် အရှေ့ခြမ်းက ဆည်တော်ကြီးနဲ့ အင်ကြင်းမြိုင် ရွာဘက်ကို (MI-17) တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (၈)နာရီခွဲ ဝန်းကျင်မှာ မန္တလေးမြို့ တံတားဦး လေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ မတ္တရာအရှေ့ခြမ်း ပန်းသလဲတောင် တဝိုက်ကို ဗုံးကြဲနေတယ်လို့ ဒေသခံ မြေပြင်ကင်းထောက်အဖွဲ့တွေက ဖော်ပြပါတယ်။

ဒါ့အပြင် မတ္တရာနယ် အရှေ့ခြမ်းမှာ စစ်အုပ်စု တိုက်လေယာဥ် သုံးစီးနဲ့ ဆက်တိုက် ပျံဝဲနေတာ တွေ့ရတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။

မတ္တရာနယ် တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ထံ ဆက်သွယ် မေးမြန်းရာ တိုက်ပွဲဖြစ်နေတာ ဟုတ်မှန်တယ်လို့ MDY-PDF ပြန်ကြားရေး တာဝန်ခံ ရဲဘော် အော်စမွန်က ပြောပါတယ်။

“တိုက်ပွဲတွေ ဖြစ်နေတာတော့ ဟုတ်ပါတယ်။ အသေးစိတ် အခြေအနေတွေတော့ မသိရသေးပါဘူးဗျ”

တချိန်တည်းမှာပဲ စစ်အုပ်စုက ဒီမနက်ပိုင်း မန္တလေး-မတ္တရာ – မိုးကုတ် ကားလမ်းပေါ် သွားလာနေတဲ့ ပြည်သူတွေနဲ့ ကားတချို့ကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးတာတွေ လုပ်နေသလို မတ္တရာနယ် ကျေးရွာတွေမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်အုပ်စုကို ကားအစီးရေ (၂၀)လောက်နဲ့ မတ္တရာနယ် အရှေ့ခြမ်းဘက် ပို့လွှတ်နေတာ တွေ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

“ကျောက်တံတားနဲ့ ကံဖြူရွာကြား (မန္တလေး – မတ္တရာကားလမ်း)မှာ အစစ်အဆေး ကြမ်းနေပြီး ပြည်သူတွေ ခေါ်ထားခံရတယ်။ တော်တော် များတယ်လို့ သိရပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မန္တလေး-မတ္တရာလမ်း ကျောက်တံတားကျေးရွာ အနီးမှာ စစ်အုပ်စုက အင်အား အများအပြား ချပြီး အသင့် ပြင်ဆင်ထားတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

“စစ်ကားတွေ၊ လူနာတင်ကားတွေ၊ အရပ်ကားတွေနဲ့ စစ်သားတွေကိုအများကြီးပဲ။ အရမ်းသွား လာနေတယ် “လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

မတ္တရာမြို့နယ် အရှေ့ခြမ်းဟာ ရှမ်းမြောက်ဒေသနဲ့ ဆက်စပ်နေပြီး တိုက်ပွဲအခြေအနေနဲ့ ပတ်သက်တဲ့ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ဒီမနက်ပိုင်း ရှမ်းမြောက်ဒေသ နောင်ချိုနဲ့ ကျောက်မဲမှာလည်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုအရ စစ်အုပ်စုနဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့တို့ ဟိုင်ဂင် သဘောတူညီချက် ရယူပြီး ပြီးခဲ့တဲ့ ဇန်နဝါရီမှာ တိုက်ပွဲတွေ ရပ်နားထားခဲ့ရာက လက်ရှိမှာ ညီနောင်မဟာမိတ် သုံးဖွဲ့ဝင် တအာင်းတပ်မတော် – TNLA နဲ့ စစ်အုပ်စုတို့ တကြော့ပြန် တိုက်ပွဲ ပြန်လည် ဖြစ်ပွားတာ ဖြစ်ပါတယ်။

မတ္တရာမှာ တိုက်ပွဲပြင်းထန်နေပြီး မန္တလေး – မိုးကုတ် ကားလမ်း သွားလာရေးခက်ခဲ

စစ်အုပ်စုက ခရီးသွားတွေနဲ့ ကားတချို့ကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထား

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ ဒီမနက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်အုပ်စုက မန္တလေး-မတ္တရာ – မိုးကုတ် ကားလမ်းပေါ် သွားလာနေတဲ့ ပြည်သူတွေနဲ့ ကားတချို့ကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

ဇွန်(၂၅)ရက် ဒီမနက် အစောပိုင်းက စတင်ပြီး မတ္တရာမြို့နယ်အရှေ့ခြမ်း၊ ရှမ်းမြောက်ဒေသနဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာလို့ ဆိုပါတယ်။

မတ္တရာနယ် အရှေ့ခြမ်းက ဘယ်ရွာ၊ ဘယ်နေရာမှာ တိုက်ပွဲဖြစ်နေတယ်ဆိုတာ အတိအကျ မသိရပေမယ့် ပစ်ခတ်သံ၊ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရသလို စစ်အုပ်စုကလည်း တိုက်လေယာဥ် သုံးစီးနဲ့ ဆက်တိုက်ပျံဝဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မတ္တရာနယ်ထဲ ကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုတွေကို ကားအစီးရေ (၂၀)လောက်နဲ့ မတ္တရာနယ် အရှေ့ခြမ်းဘက် ပို့လွှတ်နေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

“ကျောက်တံတားနဲ့ ကံဖြူရွာကြား (မန္တလေး – မတ္တရာကားလမ်း)မှာ အစစ်အဆေး ကြမ်းနေပြီး ပြည်သူတွေ ခေါ်ထားခံရတယ်။ တော်တော် များတယ်လို့ သိရပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မန္တလေး-မတ္တရာလမ်း ကျောက်တံတားကျေးရွာ အနီးမှာ စစ်အုပ်စုက အင်အား အများအပြား ချပြီး အသင့်ပြင်ဆင်ထားတာ တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“စစ်ကားတွေ၊ လူနာတင်ကားတွေ၊ အရပ်ကားတွေနဲ့ စစ်သားတွေကိုအများကြီးပဲ။ အရမ်းသွား လာနေတယ် “လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

ဒီမနက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ နောင်ချိုနဲ့ ကျောက်မဲမှာလည်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေပြီး မန္တလေးတိုင်းထဲက မတ္တရာနဲ့ မိုးကုတ်မြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *