မတ္တရာမြို့ကို ပိတ်ဆို့ပြီး စစ်အုပ်စုက ခံစစ်ပြင်

မန္တလေးကတဆင့် မတ္တရာနဲ့ မိုးကုတ်ဘက် စစ်ကူကားတွေ ပို့လွှတ်နေ

မန္တလေးမြို့နဲ့ မိုင်(၂၀)ခန့်သာ ကွာဝေးတဲ့ မတ္တရာမြို့မှာ ဒီနေ့လည်ပိုင်း စစ်အုပ်စုက မြို့အဝင်အထွက် ပိတ်ဆို့ပြီး ခံစစ် ပြင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

ဒီနေ့ ဇွန်(၂၅)ရက် မနက်ပိုင်း မတ္တရာနယ် အရှေ့ခြမ်းက အာဏာသိမ်း စစ်အုပ်စုရဲ့ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေး တပ်ကို တော်လှန်ရေး တပ်တွေက ဝင်ရောက် တိုက်ခိုက်ရာက စစ်အုပ်စုက မတ္တရာမြို့ပေါ် ခံစစ် ပြင်လာတာလို့ ဆိုပါတယ်။

“မြို့ထဲက ကျောင်းတွေမှာလည်း ကလေးတွေ အကုန် ပြန်လွှတ်ပြီး စစ်တပ်က မြို့အတွင်းအပြင်ကို ပိတ်ထားတယ်။ (၁၁)နာရီကျော်လောက်က မြို့မြောက်ဘက် အဝင်ကို ပြန်ဖွင့်ပြီး ရေနံ့သာ ဘက်ကနေ စပိတ်လိုက်တာမို့ အဲဒီရဲ့ မြောက်ဘက်မှာ ကားတွေလည်း ပိတ်မိနေတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီမနက်ပိုင်း မတ္တရာမြို့အဝင် စကျင်ကျေးရွာအနီးမှာ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက် ခံရပြီးနောက် စစ်အုပ်စုက ရေနံ့သာတိုးဂိတ်ကနေ မတ္တရာမြို့ထဲ အဝင်အထွက်တွေကို ပိတ်လိုက်တာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မတ္တရာမြို့ပေါ် အင်အား အဆက်မပြတ် တိုးချဲ့ ချထားနေပြီး မြို့ အဝင်အထွက် ပိတ်ဆို့ထားလို့ ခရီးသွားကားတွေ လမ်းမှာ ပိတ်နေတယ်လို့ ဆိုပါတယ်။

မတ္တရာနယ် အရှေ့ခြမ်းက စစ်အုပ်စုရဲ့ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်ကို ဒီမနက်ပိုင်း တော်လှန်ရေး တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက လေကြောင်း အသုံးပြုပြီးတော့ပါ ခုခံနေပြီး ဒီမနက် (၈)နာရီကျော်ကနေ အခု နေ့လည်(၁၂)နာရီအထိ အင်ကြင်းမြိုင်နဲ့ ဆည်တော်ကြီးဘက်ကို ဆက်တိုက် လေကြောင်း ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့လည်ပိုင်း မတ္တရာနယ်၊ မန္တလေး – မိုးကုတ်လမ်း၊ တံငါကျေးရွာ အနီးကိုလည်း စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မတ္တရာနယ် အရှေ့ခြမ်းကို လေကြောင်းအကူနဲ့ အင်အားဖြည့်နေပြီး မတ္တရာ မြို့ဘက်ကိုတော့ မန္တလေးမြို့ကနေ စစ်ကား အကြီးတွေနဲ့ အင်အား ပို့လွှတ်နေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

မန္တလေးကနေ စစ်ကူလွှတ်တဲ့ စစ်ကားတချို့ကတော့ မိုးကုတ်ဒေသအထိ သွားရောက်ဖို့ ပြင်ဆင်ထားဟန် ရှိတယ်လို့ မတ္တရာမြို့နယ်ခံ တော်လှန်ရေးတပ်တွေက သုံးသပ်ပါတယ်။

ဒီနေ့လည်ပိုင်း မန္တလေးမြို့ထဲကနေ စစ်ကား(၁၃)စီးခန့် ထွက်လာပြီး မတ္တရာမြို့ထဲနဲ့ ကျောက်တံတားရွာဘက် ခွဲဝင်ကာ မတ္တရာမြို့ကနေ မြောက်ဘက်ကို စစ်ကား ကိုးစီး ထွက်ခွာနေတယ်လို့ ဆိုပါတယ်။

“ကားတွေက အဆက်မပြတ်ပဲ လာနေတာ။ တချို့ကားတွေက မိုးကုတ်ကို စစ်ကူသွားမယ့်ပုံပဲ။ မြောက်အထိ ဆက်ထွက်နေတယ်။ လမ်းကြောတချို့ကတော့ ဖြတ်တောက်ထားပါတယ်”လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးကပြောပါတယ်။

ဒီမနက်ပိုင်း စဥ့်ကူးမြို့နယ်၊ မန္တလေး – မတ္တရာ – မိုးကုတ်လမ်း၊ သရက်ချောင်းရွာအနီးက တံတားတစ်စင်း မိုင်းခွဲ ဖျက်ဆီးခံရလို့ ကားအကြီးတွေ သွားမရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ မန္တလေးတိုင်း မတ္တရာနဲ့ မိုးကုတ်မြို့နယ်၊ ရှမ်းမြောက်ဒေသက နောင်ချိုနဲ့ ကျောက်မဲမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

မန္တလေးတိုင်း မတ္တရာ လေကြောင်းရန် ကာကွယ်ရေးတပ်ကနေ ဒါကြီးး ၂ လက်ရရှိထားပါတယ်‼️🤩

ဇွန်လ ၂၅


Comments

Leave a Reply

Your email address will not be published. Required fields are marked *