ကျောက်မဲမြို့ပေါ်ရှိ ခရိုင်ရဲရုံး၊ စသုံးလုံးရုံး၊ စည်ပင်ရုံးအပါအဝင် ဌာနဆိုင်ရာရုံး ၁၀ ခုထက်မနည်းကို TNLA ကသိမ်းယူ

ကျောက်မဲမြို့မရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ရှိ ခရိုင်ရဲရုံး၊ စသုံးလုံးရုံး၊ စည်ပင်ရုံးအပါ အဝင် ဌာနဆိုင်ရာရုံး ၁၀ ခုထက်မနည်းကို TNLA ကသိမ်းယူထားကြောင်း ကျောက်မဲမြို့မှ ပြည်သူများကပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်း၊ စခန်းသာ၊ ခိုရောင်းရွာ၊ နားအိုက်ခန့်ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့် နေရာသို Jet Fighter ဖြင့် ၂ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် TNLA တပ်များက ကျောက်မဲမြို့အတွင်းသို့ ဝင်ရောက်ပြီး ဌာနဆိုင်ရာ ရုံးများကို သိမ်းယူခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျောက်မဲမြို့ထဲမှာက ဌာနဆိုင်ရာရုံးတွေက အစောင့်နဲ့ ဝန်ထမ်းနည်းနည်းပဲရှိတယ်။ အခု TNLA က သိမ်းယူထားတာက ငြိမ်းချမ်းရေးကုန်း၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံး၊ ဥပဒေရုံး၊ ခရိုင်ရဲစခန်း ၊ စည်ပင် သာယာရေးရုံး၊ မြို့နယ်နဲ့ခရိုင် ပညာရေးမှူးရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ အုပ်ချုပ်ရေးရုံးတွေကို သိမ်းလိုက်ပြီ ။ အခုမြို့နယ်ရဲစခန်းကို တိုက်နေတယ်။ မြို့နယ်ရဲစခန်းနဲ့ မျက်စောင်းထိုးမှာ မြို့နယ်တရားရုံးရှိတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်ရဲစခန်းကို TNLA က ဝင်ရောက်တိုက်ခိုက်နေသဖြင့် တိုက် ပွဲများ ပြင်းထန်နေပြီး လက်နက်ကြီးများလည်း ပစ်ခတ်နေကြောင်း၊ ကျောက်မဲမြို့ အတွင်းတွင်လည်း ပြည်သူများရှိနေပြီး ပိတ်မိနေသူများလည်းအများအပြားရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *