မြင်းခြံခရိုင်တွင် ၂၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံး

မြင်းခြံခရိုင်တွင် ၂၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံးပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကာ သေနတ် ၂၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ(ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင် ၂၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံးပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကာ သေနတ် ၂၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ မြင်းခြံခရိုင်အတွင်း လှည့်လည်နေသော အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ စုစုပေါင်း ၁၂ ကြိမ် အထက်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၄၀ ဦးထက် မနည်းသေဆုံးကာ ဗိုလ်မှူး အဆင့်ရှိသူ ၁ ဦး အပါအဝင် ၅ ဦး ကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော RPG-7 လက်နက်ကြီး ၁ လက်၊ ငါး ကြင်းမြီး စက်က် ၁ လက်၊ ၄၅ မမ စိန်ပြောင်း ၁ လက်၊ MA 1 သေနတ် ၄ လက်၊ MA 2 သေနတ် ၁ လက်၊ MA 3 သေနတ် ၄ လက်၊ G3 သေနတ် ၅ လက်၊ အူစီ သေနတ် ၂ လက်၊ MA5 ပစ္စတို သေနတ် ၂ လက်၊ ကျည်မျိုးစုံ အတောင့် ၃၀၀၀ ကျော်နှင့် အခြားသော ခဲယမ်းပစ္စည်းပေါင်းများစွာ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်ခြံခရိုင်အမှတ်- ၄ တပ်ရင်း – နွားထိုးကြီး PDF ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး MDY-PDF ၊ မြင်းခြံမြို့နယ်-ပကဖ ၊ နွားထိုးကြီးမြို့နယ်-ပကဖ၊ တံတားဦးမြို့ နယ်-ပကဖ ၊ မြင်းခြံခရိုင်-Drone တပ်ဖွဲ့နှင့် မြင်းခြံခရိုင်အတွင်း၌ ရှိသော အခြားသော မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *