စစ်သားသစ် စုဆောင်းပေးနေသော သီလရွာ အုပ်ချုပ်ရေးမှူး ညွန့်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

တောင်တွင်းကြီးမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော သီလရွာ အုပ်ချုပ်ရေးမှူး ညွန့်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် စစ်သားသစ် စုဆောင်းပေးနေသော သီလရွာ အုပ်ချုပ်ရေးမှူး ညွန့်ဝင်းကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုကံကြီးမောင်က ပြောဆိုသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ်၊ သီလကျေးရွာ အုပ်ချုပ်ရေးမှူး ညွန့်ဝင်းကို မြို့ပြပြောက်ကျား ရဲဘော်များက ကျေးရွာ လမ်းခုလတ် တစ်နေရာတွင် သေနတ်ဖြင့် ၅ ချက် ပစ်ခတ် တိုက်ခိုက်ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော သီလရွာ အုပ်ချုပ်ရေးမှူး ညွန့်ဝင်းသည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး စစ်မှုထမ်း ဥပဒေဖြင့် တပ်သားသစ်များ စုဆောင်းပေးခြင်း၊ ကောက်ခံခြင်း၊ ပြည်သူများကို ဒုက္ခပေးခြင်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုကံကြီးမောင်က ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်)၊ Taungdwingyi Fighter Force(LPDF)၊ Yenanthar Youth Force (ရေနံချောင်း)နှင့် ဒေါင်းစစ်သည်ပြောင်ကျားတပ်(နတ်မောက်)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် အာဏာရှင် ဒေါက်တိုင်မှန်သမျှ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုကံကြီးမောင်က ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *