ပေါက်မြို့နယ်တောင်ပိုင်း သံဃာတော်များ ကံဆောင်သပိတ်မှောက်ဆန္ဒပြ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ သံဃာတော်များသည် စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ပြီး အင်အားအများအပြားဖြင့် လှည့်လည်ဆန္ဒပြခဲ့ကြသည်။

ဇူလိုင် ၁၀ ရက်က ပေါက်မြို့နယ်တောင်ပိုင်း တနေရာတွင် သံဃာတော်များက စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနသပိတ်မှောက် ကံဆောင်ခြင်းပြုလုပ်ခဲ့ပြီး ချီတက်ဆန္ဒပြရာ ပြည်သူများကလည်း လိုက်ပါဝန်းရံခဲ့ကြောင်း ​သပိတ်ဦးဆောင်သူများက ပြောသည်။

ထို့အပြင် သပိတ်စစ်ကြောင်းလုံခြုံရေးအတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လိုက်ပါတာဝန်ယူခဲ့သည်။

ကံဆောင်သပိတ်ကို ဇွန်လ ၂၃ရက်​က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ စတင်ပြုလုပ်ခဲ့ပြီးနောက် ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ဝက်လက်၊အရာတော်၊ ဘုတလငမြင်းမူ၊ ရေဦး၊ ကနီမြို့နယ် များ၌ လည်းကောင်း၊ မကွေးတိုင်း၌ မြိုင်၊ ပခုက္ကူ၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်များ၌လည်းကောင်း၊ တနင်္သာရီတိုင်း၊ ထားဝယ်နှင့် သရက်ချောင်းမြို့နယ်တွင်လည်းကောင်း၊ မန္တလေးတိုင်း၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ မန္တလေး အစရှိသည့် မြို့နယ်များတွင်လည်းကောင်း ပြုလုပ်လာရာ စုစုပေါင်း မြို့နယ် ၂၂ မြို့နယ်ရှိလာသည်။

နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း)၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ကို စစ်ကောင်စီက ပစ်သတ်ခဲ့၍ သံဃာတော်များက ဆန့်ကျင်သည့်အနေဖြင့် ကံဆောင်သပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

(ပေါက်မြို့နယ် တောင်ပိုင်းရှိ သံဃာတော်များ စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ပြီး လှည့်လည်ချီတက်ဆန္ဒပြစဥ် ဓာတ်ပုံ – CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *