ဆားတောင်မြို့ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

ဆားတောင်မြို့ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပြား

စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ၍ ပြည်သူများထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

ဇူလိုင်လ ၁၂ ရက်နေ နံနက် ၁၁ နာရီခန့်တွင် ဆားတောင်မြို့ရဲစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

“ကျွန်တော်တို့ ဆား တောင်တိုက်ပွဲမှာ RPG အများအပြား အသုံးပြုခဲ့သလို စနိုက်ဘာကိုလည်း အသုံးပြုခဲ့တယ်။ စစ်တပ်ကတော့ ၁၅ ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်။ ကျွန်တော်တို့ဘက်ကတော့ အထိခိုက်မရှိ ည ၉ နာရီမှာ ပြန်ဆုတ်ခဲ့ရတယ်။ တပ်ပြန်ဆုတ်ခဲ့တဲ့ အကြောင်းကလည်း စစ်တပ်က လေယာဉ် တွေနဲ့ အားအင်းသုံးလာတာ ကြောင့် မဆိုင်တဲ့ အရပ်သား တွေ ထိခိုက်တစ်နာမှုမများရအောင်လို့ နောက်ဆုတ်ခဲ့ရတာ” ဟု မြင်းခြံခရိုင် တပ်ရင်း၇ Zero ပြောက်ကြားတပ်ဖွဲ့မှ ကိုသက်ကြီးက ပြောဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးသူများပြားခြင်းကြောင့် စစ်တပ်က ဆားတောင်ရဲစခန်းအနီး ပတ်ဝန်းကျင်နှင့် ရဲစခန်း အနောက်ဘက်ကို Y-12 ၊ ဂျက်ဖိုက်တာ၊ Mi-35 တို့ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဗုံးကျဲချရာ နေရာကိုလည်း ပြည်သူများ ဝင်ထွက်သွားလာခွင့်မရအောင် လုံခြုံရေးချ ပိတ်ထားကြောင်း သိရသည်။

“ရွာမှာ စစ်ကောင်စီ စခန်းရှိရင် တစ်နေ့တိုက်ပွဲဖြစ်မှာ သေချာတယ်လို့ တွေးထားပြီသားပါ။ ထင်ထားတဲ့ အတိုင်းဘဲ မနေ့က တိုက်ပွဲဖြစ်ကြတယ်။ စစ်တပ်ဘက် အကျဆုံးများလို့နေမယ် ညနေ ၅ နာရီ ပိုင်းကျတော့ လေယာဉ်သုံးစီးနဲ့ ဗုံးတွေ ချလိုက်တာ အလုံးအရေအတွက် အများကြီးပဲ လူတွေ သေဆုံးမှုက တော့ ကျွန်တော်တို့ မြို့ထဲပြန်မဝင်ရ သေးတော့ အတိကျ မသိရသေးဘူး” ဟု ဆာ တောင်မြို့မှ စစ်ဘေးရှောင်တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း၇ Zero ပြောက်ကြားတပ်ဖွဲနှင့် ဒေသ ပြည်သူကာကွယ် ရေးတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *