စဉ့်ကူးနယ် ပင်လယ်ကြီး စခန်းသိမ်းပွဲ (ရုပ်သံ)

စဉ့်ကူးနယ် ပင်လယ်ကြီး စခန်းသိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်း MDY-PDF ထုတ်ပြန်၊

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီး စစ်အုပ်စုစခန်းကို ဇူလိုင်(၈)ရက်မှာ တို်ကခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်း တိုက်ပွဲ ရုပ်သံ မှတ်တမ်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က ဒီနေ့ ဇူလိုင်(၁၃)ရက်မှာ ထုတ်ပြန်ပါတယ်။

ဇွန်(၂၅)ရက်မှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)နဲ့အတူ ဟန်ချက်ညီ စစ်ဆင်ရေးတွေ ဆင်နွှဲနေပြီး စဉ့်ကူးနဲ့ မတ္တရာမြို့နယ်ထဲ ဇူလိုင်(၁၂)ရက်အထိ စစ်ဆင်ရေးကာလ ရက်သတ္တနှစ်ပတ်အတွင်း စစ်စခန်း (၃၇)ခုအထိ သိမ်းပိုက်ထားနိုင်တယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

ပင်လည်ကြီးတပ်စခန်း အပါအဝင် စဉ့်ကူးနယ်ထဲက စစ်စခန်း (၁၁)ခုနဲ့ မတ္တရာနယ်ထဲက စစ်စခန်း (၂၆)ခုကို MDY-PDF နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီ စခန်းသိမ်းတိုက်ပွဲတွေအတွင်း ဒု-ဗိုလ်မှူးကြီးအဆင့် အပါအဝင် စစ်သုံ့ပန်း အများအပြား ဖမ်းမိထားကာ လေယာဉ်ပစ် စက်သေနတ်ကြီး အပါအဝင် လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်း ရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *