ပေါင်းတည်တွင် ဟင်းစားရှာထွက်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင် ဟင်းစာရှာထွက်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်၊ ၃၆၀၁ PPDFတပ်ရင်း၏ သတင်းပြန်ကြားတာဝန်ခံကပြောဆိုသည်။

ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊သစ်ပုတ်ရွာတာဝါတိုင်အထိုင်စခန်းမှ ဟင်းသီး၊ဟင်းရွက်ရှာထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁၊ PPDF တပ်ရင်း တပ်ခွဲ ၁ မိုင်းကွင်းစောင့်ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ၊ စစ်သား ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်တိုက်ခိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘေးကင်းကြောင်း၊ လတ်တလော စစ်ရေးအရှိန်မြှင့်တင်မှုများ ရှိလာသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ဝေးဝေးရှောင်ကြဥ်ကြပါရန် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်၊ ၃၆၀၁ PPDFတပ်ရင်းက မေတ္တာရပ်ခံထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *