မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် စဉ့်ကူးမြို့၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က ဂျက်ဖိုက်တာ ၊ Mi35 တို့ဖြင့် လေကြောင်း ပစ်ကူများ ဆက်တိုက် ပစ်ခတ် နေသည့်ကြားမှ တော်လှန်ရေး တပ်ဖွဲ့များက စဉ့်ကူးမြို့ကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် တိုက်ပွဲဝင် ရဲဘော်များကို မြို့နယ်နေ ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုနေကြောင်း စဉ့်ကူးမြို့နယ် မြေပြင် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
“စဉ့်ကူးမြို့ကို တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ပြီး ညနေ ၃ နာရီလောက်မှာ မြေပြင်ကို အကုန်ရှင်းနိုင်ခဲ့တယ်။ စစ်ခွေး အသေအပျောက်တော့ အတည်မပြုနိုင်သေးဘူး” ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
Leave a Reply