မြင်းခြံမြို့နယ်၊ ခြေဆေး ကျေးရွာရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာ အတွင်း ဝင်ရောက်လာသော အကြမ်းဖက် စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း နွားထိုးကြီး PDF က ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်က အင်အား ၈၀ ခန့်ဖြင့် မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာ အတွင်း ဝင်ရောက်တပ်စွဲနေသည့် အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့် စွန်ရဲ ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *