AA ထိုးစစ်ဆင်ကြောင့် မောင်တော‌ကညင်ချောင်းစီးပွားရေးဇုန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ထွက်ပြေး

(ကညင်ချောင်းစီးပွားရေးဇုန် AA ထိန်းချုပ်လိုက်ပြီဟု သတင်းထွက်ပေါ်နေ)

ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တော‌မြို့၊ ကညင်ချောင်း နယ်စပ်စီးပွားရေးဇုန်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ကျော်ခန့်ဟာ အာရက္ခတပ်တော် ( AA)ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကို မခံနိုင်တဲ့အတွက် ယနေ့ ဇူလိုင် ၁၅ နံနက်က ကစင့်ကလျား ထွက်ပြေး နေကြတယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

“စစ်သားတွေနဲ့ လက်နက်ကိုင် မွတ်ဆလင် ၂၀၀ ကျော် ရွှေဇားဂုံးနားရွာနဲ့ ဟိန္ဒူကယ်ဆယ်ရေး နေအိမ်တွေ ဘက်ကို ထွက်ပြေးလာတာကို မြင်ရတယ်။ အကွဲကွဲ အပြားပြား ထွက်ပြေးလာကြတယ်။ ဒဏ်ရာရသူတွေလည်း ပါတယ်။ ဂုံးနားရွာနဲ့ ဟိန္ဒူကယ်ဆယ်ရေးရွာသစ်မှာခိုလှုံနေကြတယ်” ဟု ဒေသခံ ဟိန္ဒူလူမျိုးတစ်ဦးက ပြောပါတယ်။

ထိုသို့ ထွက်ပြေးလာကြသူများအထဲတွက် ဒဏ်ရာရသူများကိုလည်း ပါလာတာကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ လူနေအိမ်တွေမှာ ဝင်ရောက် ခိုလှုံလာကြတယ်လို့လည်း ဟိန္ဒူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူတို့က ကျွန်မတို့ရွာမှာ စခန်းချ ခိုလှုံလာ‌နေကြတော့ ကျွန်မတို့ဘယ်လိုမှ မနေရဲတော့ ဘူး။ တိုက်ပွဲဖြစ်လာရင် ကျွန်မတို့ရွာကကြားညှပ်ပါသွားမှာ။ အဲဒါကြောင့် မြို့ပေါ်ကို တက်ပြေး လာကြတာ”လို့ သူမက ပြောဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စက်လှေတွေနဲ့ နတ်မြစ်ကို ဖြတ်ကျော်ကာ ထွက်ပြေးလာကြတယ်ဆိုတဲ့ သတင်းတွေကို ဘင်္ဂလားဒေ့ရှ် မီဒီယာတွေမှာလည်း ရေးသားဖော်ပြနေကြပါတယ်။

(ပုံစာ- ကညင်ချောင်းစီးပွါးရေးဇုန်အ တွင်းရှိနယ်ခြားစောင့် နယ်မြေစခန်းအား တွေ့ရစဉ်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *