TNLA လည်း ၄ ရက်ကြာ အပစ်ရပ်မှာဖြစ်ပြီး မန္တလေးတိုင်း အကျုံးမဝင်ဘူးလို့ဆို

ကိုးကန့်တပ်က ဇူလိုင် ၁၄ကနေ ၁၈ရက်နေ့အထိ ၄ရက်ကြာ စစ်ကောင်စီနဲ့ အပစ်ရပ်မယ်လို့ ကြေငြာခဲ့ပြီးနောက် တအာင်းတပ်(PSLF/TNLA)ကလည်း အပစ်ရပ်မယ်လို့ ဆိုထားပါတယ်။

အဲဒီ၄ရက်တာ အပစ်ရပ်တာတွေဟာ ရှမ်းမြောက်မှာသာ အကျုံးဝင်ပြီး မန္တလေးတိုင်းထဲ အကျုံးမဝင်ဘူးလို့ တအာင်းတပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က AFP သတင်းဌာနကို ပြောထားပါတယ်။

ဒါကြောင့် လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ မိုးကုတ်မှာတော့ အကျုံးဝင်မှာ မဟုတ်ပါဘူး။

အခုလို အပစ်ရပ်တာတွေဟာ တရုတ်နိုင်ငံရဲ့ အာဏာရပါတီ တရုတ်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးကျင်းပဖို့ရှိပြီး တရုတ်နိုင်ငံရဲ့ စိုးရိမ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အပစ်ရပ်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် ရန်သူဘက်က ရန်စတာတွေ ထိုးစစ်ဆင်လာရင် ခုခံပိုင်ခွင့်ရှိတယ်လို့လည်း ကိုးကန့်နဲ့တအာင်းတပ်ဘက်က ဆိုထားပါတယ်။

တရုတ်ဖိအားနဲ့ ပြီးခဲ့တဲ့ ဇန်နာဝါရီ ၁၁ရက်နေ့မှာ စစ်ကောင်စီနဲ့ ညီနောင် (၃)ဖွဲ့တို့ ဟိုက်ဂင်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *