ရွှေဘိုတွင် ပျူစခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်တပ်နှင့်ပျူ ပူး​ပေါင်းစခန်း ၃ ခု ဆုတ်ခွာသွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ၊ ပျူစောထီးစခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် ထိုစခန်းအပါအဝင် စစ်ကောင်စီတပ်နှင့်ပျူ​စောထီးပူး​ပေါင်းစခန်း ၃ ခု စခန်းစွန့်ဆုတ်ခွာသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ဇူလိုင် ၁၃ရက် နံနက်၆ နာရီခွဲခန့်က ကူးတို့ဆိပ် ပျူရွာကို PDFများကဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် ၆ နာရီကျော် ကြာမြင့်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

တိုက်ပွဲအတွင်း ချေမှုန်းရေးစစ်ကြောင်းမှ ရဲဘော်များသည် ဘန်ကာ သုံးခုအား ဝိုင်းထားနိုင်ခဲ့သော်လည်း စခန်းအနီးနားရှိ ဆင်အင်းစခန်းမှ တပ်ကူရောက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း 96 Soldiers – PDF(အညာဒေသ)က ဆိုသည်။

ဇူလိုင် ၁၄ရက် နံနက်ပိုင်းတွင် ဒုတိယအကြိမ်တိုက်ခိုက်ရန် ချဥ်းကပ်ရာ ကူးတို့ဆိပ်ပျူစောထီးကျေးရွာ အတွင်းမှ စစ်ကောင်စီတပ်နှင့် ပျူ​စောထီးများသည် စခန်းအားစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ထိုတိုက်ပွဲ၌ စစ်အုပ်စုထိခိုက်မှုအား စုံစမ်းနေကြောင်း၊ 96 Soldiers – PDF(အညာဒေသ)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး Frghter one တပ်ဖွဲ့မှ ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးစိုးရိမ်ရကြောင်း 96 Soldiers – PDF(အညာဒေသ)က အသိပေးသည်။

ထို ကူးတို့ဆိပ်ရွာပျူစခန်းအပြင် ရွှေဘိုမြို့နယ်အတွင်းရှိ မြင်းစီးပျူရွာစခန်းနှင့် ဆင်အင်းရဲစခန်းတို့မှ စစ်ကောင်စီအုပ်စုဝင်များလည်း စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း Dragon Urban Guerilla အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“မြင်းစီး က ​ေးတွေက ဇီးဖြူကုန်းရွာကို ပြေးသွားတာ။ ဇီးဖြူကုန်းမှာက စကစ တပ်စွဲထားတာ။ ဆင်အင်းနဲ့ ကူးတို့ဆိပ်က ​ေးတွေက ညောင်ကိုင်းပျူရွာ ပြေးသွားကြတာ။”ဟု ၎င်းက ပြောသည်။

“ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ ဝင်တိုက်မှာ စိုးရိမ်တာကြောင့်ရယ်။ ဒီကောင်တွေ ရိက္ခာပြတ် နေပြီ။ ပြီးတော့ သူတို့ စကစ တပ်ကလည်း အရှုံးနဲ့ ရင်ဆိုင်နေရပြီလေ။ ဘာမှ အကူညီ မပေးတော့ဘူး။ အဲ့တာမို့ ထွက်ပြေးသွားတယ်လို့ထင်တယ်။”ဟု Dragon Urban Guerilla အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ထိုစခန်းများသည် ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏသွားရောက်တိုက်ခိုက်ခဲ့ဖူးပြီး အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း ယခုမှစခန်းစွန့်ဆုတ်ခွာသွားခြင်းဖြစ်သည်။

ကူးတို့​ဆိပ်ရွာ စစ်ဆင်ရေးကို 96 Soldiers – PDF(အညာဒေသ)၊ မဟူရာရွှေဘိုသား၊ ဂဠုန်တ-ပ်တော်၊ ကနောင်တပ်ဖွဲ့၊ ကျောက်လုံးကြီး(KLG) Drone တပ်ဖွဲ့၊ Fighter one၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့I Shwebo FederaL Army၊ BFDF(Burmese Farmer Defence Force) Phoenix Wings၊ Phoenix Defence Froce(ဝက်လက်)၊ ပျံလွှားတ-ပ်ဖွဲ့၊ CAF(Civil Armed force) တပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၉ ရက်ကလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ပခန်းငယ်ရဲစခန်းမှစစ်အုပ်စုဝင်များ စခန်းစွန့်ဆုတ်ခွာသွားခဲ့သေးသည်။

တိို-က်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် ဇူလိုင် (၁၃)ရက် မနက်(၆) နာရီခွဲချိန်တွင် 96 Soldiers – PDF(အညာဒေသ)မှ ရဲဘော်များသည် မဟူရာရွှေဘိုသား၊ ဂဠုန်တ-ပ်တော်၊ ကနောင်တ-ပ်ဖွဲ့၊ ကျောက်လုံးကြီး(KLG) Drone တ-ပ်ဖွဲ့၊ Fighter one၊ ဒေါင်းမာန်ပြည်သူ့ကာကွ-ယ်ရေးအဖွဲ့I Shwebo FederaL Army၊ BFDF(Burmese Farmer Defence Force)
Phoenix Wings၊ Phoenix Defence Froce(ဝက်လက်)၊ ပျံလွှားတ-ပ်ဖွဲ့၊ စွန်ရဲ ရွှေဘို ဒေသခံပြည်သူ့ကာကွယ်ရေးတ-ပ်ဖွဲ့LPDF၊ CAF(Civil Armed force) တ-ပ်ဖွဲ့များနှင့် ပူးပေါင်း၍ ကူးတို့ဆိပ် ပျူစောထီးကျေးရွာအား စခန်းသိ-မ်းတို-က်ပွဲဆင်နွဲခဲ့ပါသည်။

တို-က်ပွဲဖြစ်စဉ်မှာ 96 Soldiers – PDF( အညာဒေသ)မှ ရဲဘော်များနှင့် ပူးပေါင်းတ-ပ်ဖွဲ့များမှ ရဲဘော်များသည် မနက်(6)နာရီခွဲခန့် စတင်၍ ကူတို့ဆိပ် ပျူစောထီးရွာကို တို-က်ခိုက်ခဲ့ရာ တို-က်ပွဲဖြစ်ပွားချိန် (၆:၃၀) ကြာမြင့်ခဲ့သည်။ တို-က်ပွဲအတွင်း ချေမှုန်းရေးစ-စ်ကြောင်းမှ ရဲဘော်များသည် ရန်သူ့ဘ-န်ကာ သုံးခုအား ဝိုင်းထားနိုင်ခဲ့ပီး RPG မထွက်သည့်အပြင် ရန်သူ့အခန်းအနီးနားရှိ ဆင်အင်းစခန်းမှ တ-ပ်ကူရောက်လာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ထို့နောက် ဇူလိုင် (၁၄)ရက်နေ့ မနက်ပိုင်းတွင် ဒုတိယအကြိမ် ချဥ်းကပ်သည့်အခါတွင် ကူးတို့ဆိပ်ပျူစောထီးကျေးရွာ အတွင်းမှ စ-စ်ကောင်စီရန်သူများသည် စခန်းအားစွန့်ခွာထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါစခန်းသိ-မ်းတို-က်ပွဲတွင် ရန်သူ့ဘက်မှအထိအခိုက် အကျအဆုံးကို တော်-လှန်ရေးတ-ပ်ဖွဲ့များမှ စုံစမ်းနေဆဲဖြစ်ပါသည်။ မိမိတို့ 96 Soldiers – PDF(အညာဒေသ)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး Frghter one တပ်ဖွဲ့မှ ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရ (တစ်ဦးစိုးရိမ်ရ) ခဲ့ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *