မန္တလေးကို စစ်ဘယ်ချိန်ရောက်မလဲ မန္တလေးကနေ ရှောင်ဖို့ လိုပြီလား

မန္တလေးကို စစ်ဘယ်ချိန်ရောက်မလဲ မန္တလေးကနေ ရှောင်ဖို့ လိုပြီလား မေးလာတော့ ကိုယ်တွေအမြင်မှာ စစ်ရေးသတိ ရှိဖို့နဲ့ စတင်ပြင်ဆင်ဖို့ အချိန်ကျပြီလို့မြင်တယ်

စစ်ရေးသတိရှိဖို့ဆိုတာ နေ့စဥ်စစ်ရေးသတင်းတွေအပါအဝင် စစ်တပ်က ဘာတွေလုပ်နေလဲ မျက်ခြေမပြတ်ဖို့ လိုပါတယ် စစ်ရေးသတင်းတွေက နေ့စဥ် တွေ့နေမှာဖြစ်လို့ ထွေထူးပြောဖို့မလိုလောက်ဘူး

စစ်တပ်က ဘာတွေလုပ်နေလဲဆိုတာ မျက်ခြေမပြတ်ဖို့ တကယ်အရေးကြီးပါတယ် ဆိုလိုတာ စစ်တပ်ဟာ မန္တလေးမြို့တွင်းကို ဘယ်လိုခံစစ်ပြင်နေလဲ ဘယ်နေရာတွေမှာ ခံစစ်အထိုင်ယူထားလဲ မန္တလေးထဲ စစ်တပ်အမာခံ ဧရိယာတွေက ဘယ်နေရာတွေဖြစ်မလဲ အဲဒါတွေကို သိနေဖို့လိုပါတယ်

စစ်ဟာ မန္တလေးထဲဝင်လာဖို့ဆိုရင် ဘယ်လမ်းကြောင်းကနေ လာနိုင်လဲဆိုတာ စစ်တပ်က ကြိုတင်ခန့်မှန်းသိနေမှာမို့ အဲဒီလမ်းကြောင်းတလျှောက်ကို ခံစစ်ပြင်မှာဖြစ်တယ် ဒါကြောင့် စစ်ဟာ စစ်တပ် ခံစစ်စည်းကိုပဲ လာမှာဖြစ်လို့ စစ်တပ်ခံစစ်ပြင်ထားတဲ့ဧရိယာနဲ့နီးတဲ့ ပတ်ဝန်းကျင်က လူတွေက နေရာပြောင်းနေဖို့ စဥ်းစားထားသင့်ပါတယ်

နောက်တခုက စစ်တပ်ဟာ ဘယ်မြို့ကိုပဲ စစ်ရောက်လာသည်ဖြစ်စေ လူ-တံ-တိုင်းလုပ်ပြီး အကာအကွယ်ယူမှာဖြစ်လို့ စစ်ဖြစ်လာတဲ့အခါ မြို့ဝင်မြို့ထွက်တွေ အကုန်-ပိတ်-ချ-ခံ-ရမယ်ဆိုတာကိုလည်း ကြိုတင်တွေးထားဖို့လိုပါလိမ့်မယ်

တခုခုဆို ကြိုတင်မပြင်ဆင်ထားရင် ပိတ်-မိနေမယ်ဆိုတာကို ကြိုတွေးဖို့လိုတယ် ကိုယ်က အခုမရှောင်ချင်သေးရင်လည်း စစ်ဖြစ်လာချိန်နီးရင် ဘယ်ကိုရှောင်မယ်ဆိုတာ ကြိုတင်ပြီး ပြင်ဆင်ထားတာမျိုး လုပ်သင့်ပါတယ်

တကယ်လို့ ဘယ်မှာမှ မရှောင်ဘူး မန္တလေးမြို့ထဲမှာပဲနေမယ်ဆို မြို့တွင်းတို-က်ပွဲဖြစ်လာရင် အိမ်ခြံဝန်းထဲမှာပဲ ကျ-ည်ကွယ် နေရာတွေ ပြင်ဆင်တာ လေကြောင်းတို-က်ခိုက်မှုနဲ့ လ-က်နက်ကြီးဒ-ဏ် ကာကွယ်ဖို့ ဗုံ-း-ခိုကျင်းတွေ တူးထားတာမျိုး အစားအသောက်ရိက္ခာခြောက်တွေ ကြိုပြင်ထားတာမျိုး လုပ်သင့်နေပြီဖြစ်တယ်

မိုးကုတ်မြို့ကို နမူနာကြည့်မယ်ဆို ကြိုတင်ပြင်ဆင်ချိန်မရပဲ စစ်က ဝုန်းဒို-င်းရောက်လာတဲ့အခါ ဘယ်မှပြေးလို့မရ ပိ-တ်မိနေတာမျိုး ပိုက်ဆံရှိရင်တောင် စားစရာဝယ်မရ ပြ-တ်လတ်တာမျိုးတွေ ကြုံရနိုင်ပါတယ်

နောက်တခုက စစ်တပ်ဟာ ERO တွေ သိမ်းတဲ့မြို့တွေထက် ERO PDF တွေ သိမ်းတဲ့မြို့ဆိုရင် ပိုပြီး အကြ-မ်းဖက်ပါတယ် ပိုပြီး ဖျ-က်ဆီး-လေ့ရှိတာကို သိထားဖို့လိုပါမယ် စစ်ဇုံဧရိယာထဲမရှိနေလည်း လ-က်နက်ကြီးဒ-ဏ် လေကြောင်း တို-က်ခိုက်မှုဒ-ဏ်ကို အချိန်မရွေး ကြုံရနိုင်တယ်ဆိုတာကိုလည်း တွေးထားဖို့လိုပါတယ်

လုံးဝ မမေ့သင့်တာတခုက စစ်တပ်ဟာ မန္တလေးကျရင် အလုံးစုံပြိုလဲဖို့ ၇၀ % လောက် ​ေ-သ-ချာနေပြီဖြစ်လို့ အကြီးအကျယ် ခုံခံမှာဖြစ်သလို အကြီးအကျယ် ဖျ-က်ဆီး-လိမ့်မယ်ဆိုတာကိုလည်း မမေ့ဖို့လိုပါတယ်

စစ်မှာ အခြေပြုနယ်မြေ အခြေပြုဧရိယာဟာ အဓိကအကျဆုံးဖြစ်တယ်လို့ အမြဲပြောဖူးသလိုပေါ့ တော်လှန်ရေးတပ်တွေဟာ မန္တလေးထဲ ဝင်လာဖို့ဆို မန္တလေးအနီးအနားထိ ထိန်းချုပ်စိုးမိုးထားနိုင်မှသာဖြစ်နိုင်ပါမယ်

ပုံမှန်အားဖြင့်တော့ မိထ္ထီလာလွင်ပြင်မှာ အရင်ဆုံး စစ်ဆိုင်ပြီးမှပဲ မန္တလေးကို တဖြည်းဖြည်းချဥ်းကပ်လာနိုင်တယ်လို့ ခန့်မှန်းကြပေမယ့် တကယ်တမ်းတော့ လက်ရှိချိန်မှာ ဘာမဆိုဖြစ်နိုင်တဲ့အနေအထားဖြစ်တယ်

ရှမ်းမြောက် လားရှိုးကျပြီးရင်တော့ ပြည်မစစ်ရေးဟာ ဘာမဆိုဖြစ်လာနိုင်ပါတယ် သိန္နီကို စစ်တပ်က အကြ-မ်းဖက်ပြီးနောက်မှာ လားရှိုးတို-က်ပွဲက ဘယ်လိုမှ ရပ်တန့်ဖို့မရှိတော့ဘူးလို့မြင်မိတယ်

လက်ရှိစစ်ရေးကို ဘယ်လိုမြင်လဲဆိုရင် မန္တလေးကို ဦးတည်နေပြီလို့မြင်တယ် မန္တလေးကို လမ်းကြောင်း ၂ ခုနဲ့ ဝင်လာနိုင်ပါတယ် ပထမလမ်းကြောင်းက လားရှိုး သီပေါ ကျောက်မဲ နောင်ချို အလုံးစုံသိမ်းပြီးရင် ပြင်ဦးလွင် မန္တလေးကို ဦးတည်မယ့်လမ်းကြောင်းရယ် နောက်လမ်းကြောင်းက မိုးမိတ် မိုးကုန် သပိတ်ကျင်း စဥ့်ကူး မတ္တရာဘက်ကနေ လာမယ့်လမ်းကြောင်းတို့ဖြစ်မယ်

မတ္တရာ စဥ့်ကူးစစ်ရေးက မိုးကုတ်ကို စစ်ကူလမ်းကြောင်းမပေးနိုင်အောင် ဖြ-တ်တောက်ဖို့အတွက် စတင်ခဲ့တာမျိုးဖြစ်နိုင်ပေမယ့် လက်ရှိမှာ မန္တလေးကို ဦးတည်နိုင်တဲ့စစ်ရေးတခုဖြစ်လာနေပြီဖြစ်တယ်

ဘယ်ချိန်စစ်ရောက်မလဲဆိုတာ အချိန်ကာလအတိအကျခန့်မှန်းဖို့ကတော့ ခက်ခဲမှာဖြစ်ပေမယ့် မြန်ချင်လည်းမြန်နိုင်သလို ကြာချင်လည်းကြာနိုင်သေးတယ်လို့ ပြောနိုင်တာမျိုးဖြစ်တယ်

ဒီကြားထဲမှာ TNLA MDY-PDF ကပဖ LDF တပ်ပေါင်းစုတွေမဟုတ်ပဲ အညာဒေသ KIA NUG အောက် တပ်ရင်းတွေက နောက်တလိုင်းဝင်လာမယ်ဆို အညာစစ်ရေးဟာ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကိုလည်း မမေ့စေချင်ပါဘူး

ဒါကြောင့် မန္တလေးကို ဘယ်ချိန်စစ်ရောက်မယ်ဆိုတာထက် စစ်ရောက်လာရင် ဘာလုပ်မယ်ဆိုတာ အခုကတည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ တို-က်တွန်းချင်မိတယ် ။

Credit


Comments

Leave a Reply

Your email address will not be published. Required fields are marked *