ရှမ်းမြောက်တိုက်ပွဲများ ရပ်ဆိုင်းစေရေးနှင့် ငြိမ်းချမ်းစွာ အဖြေရှာရေး စာထုတ်ပြန်ရန် ဖိအားပေး ခိုင်းစေ

အကြမ်းဖက်စစ်ကောင်စီက ထင်ရှား လူသိများသော စီးပွားရေးကုမ္ပဏီကြီးများ၊ အရပ်ဘက်အဖွဲ့အစည်းများကို ရှမ်းမြောက်တိုက်ပွဲများ ရပ်ဆိုင်းစေရေးနှင့် ငြိမ်းချမ်းစွာ အဖြေရှာရေး စာထုတ်ပြန်ရန် ဖိအားပေး ခိုင်းစေ

အကြမ်းဖက်စစ်ကောင်စီက ထင်ရှား လူသိများသော စီးပွားရေးကုမ္ပဏီကြီးများ၊ အရပ်ဘက်အဖွဲ့အစည်းများကို ရှမ်းမြောက်ဒေသမှ တိုက်ပွဲများ ချက်ချက်ရပ်ဆိုင်းစေရေး၊ ငြိမ်းချမ်းစွာ စားပွဲ၀ိုင်းထိုင် အဖြေရှာရေးအတွက် မေတ္တာရပ်ခံစာများ ထုတ်ပြန်ရန် ဖိအားပေးခိုင်းစေနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအတွင်းရှိ နာမည်ကျော်ကြား လူသိများ ထင်ရှားသော စီးပွားရေးကုမ္ပဏီကြီးများ၊ အရပ်ဘက်အဖွဲ့အစည်းများကို ထိုသို့ တိုက်ပွဲများ ရပ်တန့်စေရေးနှင့် ငြိမ်းချမ်းစွာ စားပွဲ၀ိုင်းထိုင် အဖြေရှာရေးအတွက် မေတ္တာရပ်ခံစာများ ထုတ်ပြန်ရန် စစ်ကောင်စီက ဖိအားပေးခိုင်းစေခြင်းဖြစ်ပြီး အထူးသဖြင့် မြန်မာပြည်ဖွား တရုတ်လူမျိုးများနှင့်ပတ်သက်သော စီးပွားရေးကုမ္ပဏီကြီးများ၏ စာများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း သိရှိရသည်။

“စကစ က ထင်ရှားတဲ့ ကုမ္ပဏီကြီးတွေ ထင်ရှားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို စစ်ပွဲတွေ ရပ်ဆိုင်းပေးဖို့ စာတွေ ထုတ်ပြီး တောင်းဆိုဖို့ ဖိအားတွေပေးလာလို့ တချို့ ကုမ္ပဏီအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက စစ်ပွဲတွေရပ်ဆိုင်းပေးဖို့ စာတွေ ဆက်တိုက်ထုတ်လာလိမ့်မယ်” ဟု ခိုင်မာသောသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

လက်ရှိတွင် ပြည်တွင်းစီးပွားရေး ကုမ္ပဏကြီးတစ်ခုဖြစ်သော Asia World ကုမ္ပဏီက ရှမ်းမြောက် စစ်ပွဲများ ရပ်ဆိုင်းရေးနှင့် ငြိမ်းချမ်းစွာ အဖြေရှာရေး ကိုးကန့်တပ်များထံသို့ တရုတ်ဘာသာဖြင့် မေတ္တာရပ်ခံရေးသားထားသော ပန်ကြားစာတစ်စောင် ထွက်ရှိလာသည်။

လတ်တလော ရန်ကုန်ရှိ မြန်မာပြည်ဖွား တရုတ်လူမျိုးများနှင့်ပတ်သက်သော လူမှု ရေး အသင်းအဖွဲ့များ၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များထံသို့လည်း ရှမ်းမြောက်ဒေသမှ တိုက်ပွဲများ ရပ်ဆိုင်းပေးရေး နှင့် ငြိမ်းချမ်းစွာ အဖြေရှာရေး ပန်ကြားစာများ ထုတ်ပြန်ရန် စစ်ကောင်စီက ကြိုးပမ်း ဖိအားပေးမှုများရှိနေကြောင်း မြန်မာပြည်ဖွား တရုတ်လူမျိုး စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက YMBA ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး စသည့် ၎င်းနှင့်ပတ်သက်နေသော အသင်း အဖွဲ့များကို ၎င်းတို့၏ ဝါဒဖြန့် ကြေညာချက်များ၊ ၎င်းတို့၏ ဝါဒဖြန့် လုပ်ရပ်များကို ထောက်ခံသော ကြေညာချက်များ မကြာခဏဆိုသလို ထုတ်ပြန်ခိုင်းမှုများ လုပ်ဆောင်လေ့ရှိသည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ် ရန်ကုန် တရုတ်သံရုံး၏ နှစ်သစ်ကူးပွဲ တက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့်မိန်းမ ကြူကြူလှ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *