မန္တလေးမှာ သုံးဘီးယာဉ်မောင်းကိုသတ်ဖြတ်ပြီး ပီနံအိတ်ထဲထည့်ကာ အလောင်းစွန့်ပစ်

မန္တလေးမြို့ မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သုံးဘီးအငှားယာဉ်မောင်း အမျိုးသား သတ်ဖြတ်ခံရပြီး သုံးဘီးကို လုယက်သွားတဲ့ လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ကာယကံရှင်မိသားစုနဲ့ နီးစပ်သူထံကသိရပါတယ်။

အသတ်ခံရတဲ့ သုံးဘီးယာဉ်မောင်းဟာ အသက် ၅၀ အရွယ် ဦးညွန့်ဝင်း ဆိုသူဖြစ်ပြီး မဟာအောင်မြေမြို့ နယ်၊ မာလကာခြံ မှာနေထိုင်သူဖြစ်ပါတယ် ယ။

သူဟာ ဇူလိုင်လ ၂၃ ရက်က ပုသိမ်ကြီးမြို့နယ်ထဲက အသဲစွဲတောင် အပန်းဖြေနေရာဆီ ခရီသည်လိုက်ပို့ ရာက နေ မိသားစုနဲ့အဆက်အသွယ် ပြတ်တောက်သွားတာလို့ သိရပါတယ်။

ညပိုင်း အိမ်ပြန်မရောက်လာတဲ့အတွက် လူပျောက်ရှာရာ မန္တလေးဆေးရုံကြီး ရင်ခွဲရုံမှာ အလောင်းရောက်ရှိနေတာကို နောက်တစ်နေ့ ဇူလိုင်လ ၂၄ ရက် မှာ မိသားစုက သိရတာပါ။

” အလောင်းမှာ ဓားခုတ်ဒဏ်ရာတွေ တော်တော်များတယ်၊ခုတ်ပြီး ပီနံအိတ်ထဲထည့်ပစ်ထားခဲ့တာ”လို့ သေဆုံးသူရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

လုယက်သွားတဲ့ သုံးဘီးယာဉ်မှာ ခြေရာခံစနစ် GPS တပ်ဆင်ထားတဲ့အတွက် ယာဉ်ကို ကျပ် သိန်း ၂၀ နဲ့ ပေါင်ထားခဲ့တဲ့ နေရာမှာ ပြန်ရှာတွေ့ခဲ့ တယ်လို့သိရပါတယ်။

နာရေးကိုတော့ဒီနေ့နေ့လယ် ၁၂နာရီကတောင်အင်း၊မြောင်အင်းသုဿာန်မှာသဂြိုဟ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလပိုင်းတုန်းကလည်း အိမ်ရှေ့မင်းထန်းတောဘက် သုံးဘီးအငှားလိုက်သူကို သတ်ပြီး သုံးဘီးလုယူမှုဖြစ်ပွားခဲ့ပါတယ်။

သုံးဘီးယာဥ်တွေ ကျပ်သိန်း၁၀၀ကျော်ထိ ပေါက်စျေးရှိလာပြီးနောက် သုံးဘီးအငှားယာဥ်မောင်းတွေကိုသတ်ပြီး လုယက်မှုတွေ မန္တလေးမြို့မှာ ဖြစ်ပွားလာတာပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *