ထီးလင်းမြို့နယ်မှ သံဃာတော်များက အကြမ်းဖက်စစ်ကောင်စီကို ပတ္တနိက္ကူဇ္ဇန ကံဆောင်သပိတ်မှောက်

ထီးလင်းမြို့နယ်မှ သံဃာတော်များက အကြမ်းဖက်စစ်ကောင်စီကို ပတ္တနိက္ကူဇ္ဇန ကံဆောင်သပိတ်မှောက်၊ ကံဆောင်သပိတ် မှောက်သော မြို့နယ် ၂၃ ခုအထိရှိလာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှ သံဃာတော်များက အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီ အဖွဲ့ကို ယနေ့ ပတ္တနိက္ကူဇ္ဇန ကံဆောင်သပိတ်မှောက်ကြောင်း အဆိုပါ သံဃာတော်များက မိန့်ကြားသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် ထီးလင်းမြိုကနယ်မှ သံဃာတော်များ ဦးဆောင်ပြီး အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ခြင်းပြုလုပ်ခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်ဆောင်မှု ပြုလုပ်ကြရာတွင် ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များ စတင်ပြုလုပ်ခြင်းဖြစ်ပြီး ပခုက္ကူမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ် ၊ မြိုင်မြို့နယ် ၊ ဝက်လက်မြို့နယ်၊ အရာတော်မြို့၊ ဘုတလင်မြို့နယ်၊ မြင်းမူမြို့နယ်၊ ထားဝယ်မြို့နယ်၊ ပေါက်မြို့နယ်၊ မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ ကနီမြို့နယ် ၊ ရေဦးမြို့နယ် ၊ သရက်ချောင်းမြို့နယ်၊ မန္တလေး မြို့၊ မြောင်မြို့နယ် ၊ ထီးလင်းမြို့နယ်အပါအဝင် စုစုပေါင်း မြို့နယ် ၂၃ ခုမှ သံဃာတော်များ ပူးပေါင်း ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် စစ် ကောင်စီကို သံဃာထုက အဆက် အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် သံဃာ တော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *