မန္တလေး PDF က အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကင်းရှင်းရေး အသိပညာပေး စာစောင်များ လိုက်လံဖြန့်ဝေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနက အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကင်းရှင်းရေး ပြည်သူများထံ အသိပညာပေးစာစောင်များ လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့် အမျှ ရှုံးမဲ မဲကာ ပြည်သူများနှင့် အရပ်သားပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ သိသိသာသာ ကျူးလွန်နေကြောင်း ၊ ထို့ကြောင့် ပြည်သူများ အနေဖြင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက်များကို အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးကြပါရန် ကျွန်ုပ်တို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မေတ္တာရပ်ခံ တိုက်တွန်းအပ်ကြောင်း ပြောဆိုသည်။

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ် ၊ ဇူလိုင်လ (၂၆)ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနမှ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကင်းရှင်းရေးလမ်းညွှန်ချက်များကို ပြည်သူများ နားလည်သဘောပေါက်စေရန် ရှင်းလင်းပညာပေးမှုများကို လုပ်ဆောင်လျက်ရှိပါသည်။

အကြမ်းဖက် စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ရှုံးမဲ မဲကာ ပြည်သူများနှင့် အရပ်သားပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ သိသိသာသာ ကျူးလွန်နေပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက်များကို အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးကြပါရန် ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

MDY_PDF

1027_Part2

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top