စဉ့်ကူးနယ် ပျူရွာက ပျူစောထီး ၅၀ ကျော်ကို တော်လှန်ရေးတပ်တွေ အရှင်လက်ရဖမ်းမိ

အချို့ကို စစ်ဆေးနေပြီး ကောင်းမွန်စွာ ထိန်းသိမ်းထား

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က တစ်ခုတည်းကျန်နေတဲ့ ရွာသာယာပျူစောထီးရွာကို တော်လှန်ရေးတပ်တွေက အ ပြီးသတ်သိမ်းယူခဲ့တဲ့ တိုက်ပွဲမှာ ပျူစောထီးမိသားစုဝင် ၅၀ ကျော်က အရှင်လက်ရဖမ်းဆီးရမိခဲ့ပြီး ယင်းတို့ အနက် တချို့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စဉ့်ကူး-ပကဖ) က ပြောပါတယ်။

“အမျိုးသားထဲကတချို့ကိုတော့စစ်ဆေးနေတုန်းပဲရှိပါသေးတယ်။ ကလေးနဲ့အမျိုးသမီးတွေကိုလည်းထမင်းကျွေး မွေး၊ ကျန်းမာရေးစောင့်ရှောက်တာတွေ ပြုလုပ်ပေးထားပါတယ်” လို့ စဉ့်ကူး-ပကဖသတင်းတာဝန်ခံကပြောပါ တယ်။

စဉ့်ကူးမြို့ကို တော်လှန်ရေးပူးပေါင်းအင်အားစုတွေက သိမ်းယူခဲ့ပြီးနောက် တစ်ခုတည်းကျန်ရစ်နေတဲ့ အဆိုပါ ကျေးရွာကို လက်နက်ချအညံ့ခံဖို့ အကြိမ်ကြိမ်ညှိုနှိုင်းခဲ့ပေမယ့် လက်နက်မချခဲ့တာကြောင့် တော်လှန်ရေးတပ်တွေ က ဇူလိုင်လ ၂၅ ရက်မှာ ဝင်ရောက်စီးနင်းတိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ အသက်အရွယ်ကြီးရင့်သူအပါအဝင် အမျိုးသား ၁၀ ခန့် ၊ အမျိုးသမီးနဲ့ကလေးငယ် ၄၀ ကျော်ကို အရှင်လက်ရဖမ်းဆီးရမိခဲ့တာလို့ စဉ့်ကူး မြို့နယ်ပကဖသတင်းတာဝန်ခံကပြောပါတယ်။

အဆိုပါ ရွာသာရွာကျေးရွာဟာ ပျူစောထီးထဲမဝင်ချင်တဲ့သူတွေကို ကျေးရွာထဲကနှင်ထုတ်ပြီး ရွာလုံးကျွတ် ပျူစော ထီးထဲဝင်ရောက်ကာ စစ်တပ်က ဒရုန်း ၊ဒရုန်းဖျက်စက်နဲ့ လက်နက်ကြီးတွေ ချထားပေးတဲ့ ကျေးရွာဖြစ်ပါတယ်။

အဲဒီကျေးရွာကို ဘဲမော်နဲ့အောင်မင်းဆိုသူက ဦးဆောင်ပြီး ဝက်လက်မြို့နယ် သစ်ဆိမ့်၊ ငါးပတ်ချောင်း၊ သရက်ပင်၊ ရေ လည်မော်၊ မော်ဦး၊ကမ်းဖြူကျေးရွာတွေနဲ့ စဉ့်ကူးမြို့နယ်က ဟင်္သာကြီး၊ သင်္သာမ၊ကြက်တူရွေး၊ စဉ့်အိုးကျွန်း ၊သဲ အင်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံအများအပြားကို သတ်ဖြတ်ခဲ့တဲ့ကျေးရွာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာတော့ အဲဒီပျူစောထီးကျေးရွာကို ဦးဆောင်နေတဲ့ ဘဲမော်နဲ့အောင်မင်းဆိုသူ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ဒေ သခံတွေရဲ့ ပြောကြားချက်အရ တိုက်ပွဲအတွင်း သေဆုံးသူတွေရှိသလို ထွက်ပြေးသွားကြတဲ့သူတွေလည်းရှိတယ် လို့ သိရပါတယ်။

အဲဒီပျူစောထီးကျေးရွာကို ဇူလိုင်လ ၂၅ ရက်က တော်လှန်ရေးတပ်တွေ ဝင်သိမ်းတဲ့အချိန်မှာ မန္တလေးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခရိုင်ဒုတိယဥက္ကဋ္ဌ ဦးကိုကိုလေးရဲ့သားဖြစ်သူ ရဲဘော်ဇင်ကြီး ၊ သင်တန်းမှူးတစ်ဦးနဲ့ တခြားရဲဘော်တစ်ဦး ကျဆုံးခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်း စဉ့်ကူးမြို့နဲ့ စဉ့်ကူးနယ်က စစ်အုပ်စု စခန်းတွေ အားလုံးကို ဇူလိုင်လ ၁၇ ရက်မှာ တော်လှန်ရေးအင် အားစုတွေက အပြီးသတ်သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး စဉ့်ကူးနယ်တစ်နယ်လုံး စစ်အုပ်စု ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုဟာ စဉ့်ကူးနယ်ထဲကို ရေကြောင်းက‌နေ ပစ်ခတ်တိုက်ခိုက်တာတွေရှိနေတာဖြစ်ပါတယ်။

ပုံစာ ။ စဉ့်ကူးနယ် ရွာသာယာပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်စဉ်

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top