သရုပ်ဆောင် ထူးခြား ပြည်သူတစ်ဦးကို ကားဖြင့်တိုက်ပြီး ထွက်ပြေး
ဇူလိုင် ၃၀ ရက်ည ၇ နာရီဝန်းကျင်ခန့်က သာကေတမြို့နယ် အနော်မာရပ်ကွက် ဧရာဝဏ်လမ်းပေါ်က Friday Bar အရှေ့မှာ သရုပ်ဆောင်ထူးခြားက အလုပ်ကနေ စက်ဘီးနှင့်ပြန်လာတဲ့ အမျိူးသားတစ်ဦးကို ကားဖြင့်တိုက်မိရာ အဆိုပါအမျိူးသားဟာ ကားတိုက်မိရာနေရာမှာတင် သေဆုံးသွားကြောင်းသိရပါတယ်။
သရုပ်ဆောင်ထူးခြားကတော့ ကားတိုက်ပြီးနောက် ကားကိုမောင်းပြီးထွက်ပြေးသွားကြောင်း မျက်မြင်ဒေသခံတွေကပြောပါတယ်။
“Friday Bar ကနေ ကားက ထွက်လာပြီးစက်ဘီးစီးလာတဲ့ဦးလေးကြီးတစ်ယောက်ကိုတိုက်မိခဲ့တာ အတိုက်ခံရတဲ့ဦးလေးကြီးက စက်ဘီးကတခြား လူကတစ်ခြား ထမင်းချိုင့်ကတစ်ခြားဖြစ်နေပြီး လူက “မလှုပ်” တော့ တာကိုမြင်တွေ့ရတယ်” လို့ဒေသခံ အမျိူးသမီးတစ်ဦးက ပြောပါတယ်။
အဲ့ဒီလို တိုက်ပြီး ထွက်ပြေးသွားတဲ့သရုပ်ဆောင် ထူးခြားရဲ့ ကားပေါ်မှာ မူးယစ်ဆေးဝါးတွေလည်း သယ်ဆောင်လာကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
အထက်ပါသတင်းနဲ့ပတ်က်ပြီး သရုပ်ဆောင် ထူးခြားက …
“မနေ့ ည ကဖြစ်တဲ့ ယာဉ်တိုက်မှု မှာ ကျွန်တော်နဲ့ လုံးဝမသက်ဆိုင်ပါကြောင်း။
အဲ့ဒီဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ ကျတော်အနီးအနားမှာရှိပါသည်.
လူအများရဲ့ထုံးစံအတိုင်း ကျတော်လဲသွားကြည့်ခဲ့မိပါသည်. …
ထို့အတွက်ကြောင့်ကျတော်စွတ်စွဲခံရပါသည်……
အခုလဲအဲ့ဒီကိစ္စကိုတရားဉပဒေအရဖြေရှင်းနေသည်လို့ကြားသိရပါသည်……
ကျတော့်ကိုစွတ်စွဲပြောဆိုနေကြတဲ့ Acc..page များကိုကျတော် ss ရိုက်ထားပါသည် …
ထို့အတွက်ကြောင့် ကျတော် တရားဉပဒေနဲ့ဖြေရှင်းသွားပါမည်….
စိတ်ပူပန်ပေးကြတဲ့သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများကိုလဲကျေးဇူးတင်ပါသည်……..” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။
Leave a Reply