မုံရွာတွင် တွဲကား ၇ စီးပါ စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု ၅ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲကျေးရွာနှင့် မအူကျေးရွာကြားတွင် အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမောင်းသမားအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘာမထီ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်ကပြောကြားသည်။

ယမန်နေ့ ဩဂုတ် ၈ ရက် နံနက် ၁၁ နာရီ ၃၇ မိနစ်အချိန်က မန္တလေးဘက်မှအ ကြမ်းဖက်စစ်သား များ တင်ဆောင်ပြီး မုံရွာမြို့ဘက်သို့ ထွက်လာသော တွဲကား ၇ စီးပါ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှမိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တွဲကားဦးခေါင်းပိုင်း ထိခိုက် ပျက်စီးပြီး ထိုးရပ်သွားကာ ကားသမားအပါအဝင် စစ်သား ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အသေအပျောက်ကတော့ မသိရသေးဘူးူ။ ကားသမားအပါအဝင် ၅ ဦးဒဏ်ရာရတယ်လို့တော့ သိရ တယ်။ ကားခေါင်းက စုတ်ပြတ်သတ်သွားတာ။ ကားထိုးရပ်သွားပြီး မိနစ် ၂၀ လောက်ကြာတော့ မုံရွာ မြို့ထဲကနေ စခတွေရောက်လာပါတယ်။ ပြီးတော့ သူတို့ကားအချင်းချင်းဆွဲယူသွားပါတယ်” ဟု ဘာ မထီတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်ကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘာမထီတော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *