ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များသို့ သြဂုတ်လအတွင်း စစ်ဖြစ်ပွားရာ ဒေသများမှ ပြောင်းရွှေ့လာကြသူများ ရောက်ရှိလာသည့်နောက်ပိုင်း အိမ်ဌားရမ်းခ များ ဈေးမြင့်တက်သွားကြောင်းသိရသည်။
” ကျွန်တော်တို့ မနေခင်က တစ်လ ရှစ်သောင်းနဲ့ငှါးတဲ့အိမ်က အခုတစ်သိန်းခွဲပေးနေရတယ် စစ်ရှောင်လာရတာဆိုတော့ ဟိုမှာအိမ်တွေ လုပ်ငန်းတွေကျန်ခဲ့တော့အပြီး၀ယ်နေဖို့လဲအဆင်မပြေလို့ အိမ်ငှါးခတွေတက်တော့ရေရှည်မှာအဆင်မပြေဘူး”ဟု အသုတ်မြို့တွင်အိမ်ဌားရမ်းနေထိုင်သူ တစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
ဧရာ၀တီတိုင်းအတွင်းသို့ ဇွန်လအတွင်းရခိုင်ပြည်နယ်ဘက်မှ စစ်ဘေးရှောင်သူများ သာ ရောက်ရှိလာသော်လည်းသြဂုတ်လအတွင်း လားရှိုးနှင့်မိုးကုတ်မှ ပါ၀င်ရောက်လာကြသောကြောင့် မြို့နယ်များတွင်ယခင်အိမ်ငှါးခမှာ တစ်လလျှင်ဌားရမ်းခ ကျပ် ၅၀,၀၀၀ မှ ၆၀,၀၀၀ ပေးရသည့် အိမ်များမှာလက်ရှိတွင် ကျပ် ၁၅၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ အထိ ဈေးတက်သွားကြောင်းသိရှိရသည်။
စစ်ဘေးရှောင်သူများ အနေနှင့် အများဆုံး၀င်ရောက်သည့် မြို့များမှာ ပုသိမ်၊၊အသုတ်၊ ရေကြည်၊ ငါးသိုင်းချောင်း နှင့် လေးမျက်နှာမြို့နယ်တို့တွင်အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်ဘက်မှ ရုံးကိုစွန့်ခွာကာပြေးလာသောNon CDM ဝန်ထမ်းများကိုလည်း ဧရာ၀တီတိုင်းအတွင်း မြို့နယ်များတွင် ပြန်လည် တာ၀န်ချပေးခြင်းကြောင့် ယခုကဲ့သို့ အိမ်ခန်းနှင့်တိုက်ခန်းများ ငှါးရမ်းမှုမြင့်တက်နေခြင်းဖြစ်ကြောင်းသိရသည်။
Leave a Reply