ညီနောင်မဟာမိတ် ၃ ဖွဲ့က အဖိနှိပ်ခံ မြန်မာပြည်သူလူထု တစ်ရပ်လုံး လိုလားသော နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေး အတွက် တစ်သွေးတည်း၊ တစ်သားတည်း အတူရှိနေမည်

ညီနောင်မဟာမိတ် ၃ ဖွဲ့က အဖိနှိပ်ခံ မြန်မာပြည်သူလူထု တစ်ရပ်လုံး လိုလားသော နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေး အတွက် တစ်သွေးတည်း၊ တစ်သားတည်း အတူရှိနေမည်ဟု အသိပေး ထုတ်ပြန်

ညီနောင်မဟာမိတ် ၃ ဖွဲ့က အဖိနှိပ်ခံ မြန်မာပြည်သူလူထု တစ်ရပ်လုံး လိုလားသော နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် တစ်သွေးတည်း၊ တစ်သားတည်း အတူရှိနေမည်ဟု ဩဂုတ်လ ၁၂ ရက်နေ့တွင် အသိပေး ထုတ်ပြန်လိုက်သည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့သည် စစ်ဆင်ရေးနှင့်အတူ မိမိတို့ အဖွဲအစည်းများကို ထောက်ခံ အားပေးကြသော အဖိနှိပ်ခံ မြန်မာပြည်သူလူထု တစ်ရပ်လုံးကိုလည်း လေးနက်စွာ ဂုဏ်ပြု ကျေးဇူးတင်အပ်ကြောင်းနှင့် အဖွဲ့အစည်း ၃ ဖွဲ့အနေဖြင့် စစ်ဆင်ရေးရည်မှန်းချက် လက်ကျန်များနှင့် အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် တစ်သွေးတည်း၊ တစ်သားတည်း အတူရှိနေကြောင်းကို ထပ်မံအသိပေးအပ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင် အဖွဲ့အစည်းတို့ ပါဝင်သော ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးများနှင့်အတူ ရရှိလာခဲ့သော အောင်မြင်မှု မြို့သိမ်းတိုက်ပွဲများအပေါ် ဂုဏ်ပြုလွှာများ ပေးပို့လာကြသည့် အဖွဲအစည်း အသီးသီးနှင့် ဂုဏ်ပြုစကားပါးပေးကြသော လူပုဂ္ဂိုလ် အသီးသီးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *