မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ခရီးသည်တင်ကား ၂ စီးဖြင့် သွားလာနေသော စစ်သားများ ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြား

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ် ဂွေးပင်တောကျေးရွာနှင့် ဘိုးမင်းကြီးကင်း ကျေးရွာကြားတွင် ခရီးသည်တင်ကား ၂ စီးဖြင့် လိုက်ပါလာသော အကြမ်းဖက်စစ်သားများကို တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း Black Eagle Defense Force – MMU မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဩဂုတ်လ ၉ ရက် နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်က မုံရွာဘက်မှ စစ်ကိုင်းဘက်သို့ ခရီးသည်တင် – Express ကား ၂ စီးဖြင့် လိုက်ပါလာသော အကြမ်းဖက်စစ်သား ၆၀ ခန့်ကို မြင်းမူမြို့နယ်၊ မုံရွာ -မန္တ လေး လမ်းမပေါ် ဂွေးပင်တောကျေးရွာနှင့် ဘိုးမင်းကြီးကင်းကျေးရွာကြား အရောက် လက်နက်ငယ် မျးဖြင့် ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးပြီး ၃၀ ခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်ခံရမှုကြောင့် ပထမဆုံးခရီးသည် ကားမှာ မီတာ ၁၀၀ ခန့်အကွာအဝေးအရောက် ထိုးရပ်သွားပြီး ကားပေါ်ပါ ထိခိုက်ဒဏ်ရာရ အကြမ်းဖက်စစ်သားများမှာလည်း အော်ဟစ်ညည်းညူ နေသည်ကို ကြားသိခဲ့ရကြောင်း Black Eagle Defense Force – MMU မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“မုံရွာဘက်ကနေ စစ်ကိုင်းဘက်ကို လာတာ။ စစ်မှု ထမ်းသင်တန်းအသစ်တွေကို စစ်ကိုင်း၊ မန္တလေး ဘက်ကို သွားပို့ဖို့လို့ သိထားတယ်။ ထိ တာကတော့ ၂ စီးလုံးထိတာပဲ။ ပထမဆုံး မဟာနွယ် Express ကားကတော့ မီတာလောက်အကွာ မှာထိုးပြီးရပ်သွားတယ်။ ကားကတော့ လမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်တပ် စခန်းထဲကို ရောက်သွားတာ။ ဒဏ်ရာရတဲ့သူတွေကိုတော့ စစ်ကိုင်းပို့လိုက်တယ်လို့ ကြား တယ်။ “ ဟု Black Eagle Defense Force – MMU မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(မြို့နယ် ပကဖ)မှ ဦးဆောင်ကာ မြင်းမူမြို့နယ် ပလဖ နှင့် Black Eagle Defense Force – MMU တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရရှိခဲ့ပြီး ကျန်ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *