စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို ပန်းညိုရွာ သင်္ချိုင်းကုန်း အရောက်တွင် ကြားဖြတ် တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ

နတ်မောက်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို ပန်းညိုရွာ သင်္ချိုင်းကုန်း အရောက်တွင် ကြားဖြတ် တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ

မကွေးတိုင်း၊ နတ်မောက်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပန်းညိုရွာ သင်္ချိုင်းကုန်း အရောက်တွင် ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၆ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်ရှိ ကန်လေးကုန်းရွာမှ ပန်းညိုရွာဘက်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုမှ တော်လှန်ရေး ရဲဘော်များက ပန်းညိုကျေးရွာ သင်္ချိုင်းကုန်း အရောက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“စစ်ခွေး အထိအခိုက် အကျဆုံး အတိအကျ မသိရသေးပါဘူး။ ကျွန်တော်တို့ OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု က ရဲဘော်တွေ အားလုံး အထိအခိုက် မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်” ဟု အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *