တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ နေအိမ်နှင့်ခြံဝင်းကို ဒုတိယအကြိမ် လေလံပစ်သော်လည်း ဝယ်သူမရှိ

ဒေါ်အောင်ဆန်းစုကြည်နေထိုင်သော တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ နေအိမ်နှင့်ခြံဝင်းကို ဒုတိယအကြိမ် လေလံပစ်သော်လည်း ဝယ်သူမရှိ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်သော တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နေအိမ်နှင့်ခြံဝင်းကို စစ်ကောင်စီလက်အောက်ခံ တရားရေးဌာနက ဒုတိယအကြိမ် လေလံပစ်သော်လည်း ဝယ်သူမရှိကြောင်း လေလံ ပွဲသွားရောက်ခဲ့သည့် သတင်းသမားတစ်ဦးကပြောဆိုသည်။

ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ခြံအမှတ် ၅၄ ကို ကျပ်ဘီလီယံ ၃၀၀ ဖြင့် ဒုတိယအကြိမ်အဖြစ် စစ်ကောင်စီ လေလံ တင်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူမရှိကြောင်း သိရှိရသည်။

တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို ဒုတိယအကြိမ် လေလံတင်ရောင်းချရာတွင် ဒုတိယအကြိမ်တွင် လေလံကြမ်း ခင်းဈေးကို ကျပ် ဘီလီယံ ၃၀၀ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်က ငွေကျပ် ၃၁၅ ဘီလီယံဖြင့် မတ်လ ၂၀ ရက်နေ့တွင် လေလံတင်ခဲ့ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် နေထိုင်သော နေအိမ်ကို အစ်ကိုဖြစ်သူ အောင်ဆန်းဦးက အမွေလုခွဲယူရန် တရားစွဲဆိုခဲ့ပြီး စစ်ကောင်စီလက်အောက်ခံတရားရုံးက အောင်ဆန်းဦးကို အနိုင်ပေးကာ လေလံတင်ရောင်းချနေခြင်းလည်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *