တရုတ်နိုင်ငံခြားရေးဝန်ကြီး လက်ရှိအာဏာရှင်နှင့် ယခင်အာဏာရှင်ဟောင်းကိုပါ တွေ့ဆုံ

ရွေးကောက်ပွဲနှင့် သန်းခေါင်စာရင်းအတွက် တရုတ်အကူအညီပေးမည်။

စစ်ကောင်စီက ကျင်းပမည်ဟု ကြွေးကြော်ထားသည့် ရွေးကောက်ပွဲကို ထောက်ခံပြီး တိုင်းရင်းသားလက်နက်ကိုင်များ၏ ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့ရွာများအပေါ်တိုက်ခိုက်မှုများကို ဆန့်ကျင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက စစ်ခေါင်းဆောင်နှင့် နေပြည်တော်တွင် ယနေ့တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု စစ်တပ်ထိန်းချုပ် သတင်းဌာနများက ယနေ့တွင်သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအရ ဝမ်ရိသည် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဥ် “နိုင်ငံရေးအရ ရင်ကြားစေ့ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ကာ ရေရှည်တည်ငြိမ်အေးချမ်းသော လမ်းကို ရှာရမည်ဖြစ်ကြောင်း၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်နေခြင်းနှင့် စစ်ဖြစ်ပွားနေခြင်း၊ မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစု ဝင်ရောက် စွက်ဖက်ခြင်းကို ဆန့်ကျင်သလို တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်” သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားထားသည်။

ထို့ပြင် ၎င်းကပင် ” ရပ်ဝန်းနှင့်ပိုးလမ်းမ အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းကြီးများ အတူတည်ဆောက်ရေးဖော်ဆောင်မှုကို အရှိန်မြှင့်ရန်၊ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ရန်” လည်း ပြောကြားခဲ့ကြောင်း ကိုးကားထားသည်။

ထို့ပြင် ၎င်းကပင် ” ရပ်ဝန်းနှင့်ပိုးလမ်းမ အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းကြီးများ အတူတည်ဆောက်ရေးဖော်ဆောင်မှုကို အရှိန်မြှင့်ရန်၊ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ရန်” လည်း ပြောကြားခဲ့ကြောင်း ကိုးကားထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာ-တရုတ် နယ်စပ်ကိုးကန့်ဒေသမှ မိုင်၈၀ ခန့်ကွာဝေးသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးမြို့အထိ ကိုးကန့်တပ် MNDAA ကသိမ်းပိုက်ပြီးနောက် သတင်းပတ်အနည်းငယ်အကြာတွင် နေပြည်တော်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုင်းရင်းသားလက်နက်ကိုင်များ၏ ရှမ်းမြောက်မှ မြို့ရွာများအပေါ် တိုက်ခိုက်သည်ကို ဆန့်ကျင်သည်ဟု ပြောကြားခဲ့သော်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်စခန်းများ တိုက်ခိုက်ခံရသည်ကိုတော့ မှတ်ချက်ပေးမပေး၊ စစ်ကောင်စီက ထည့်သွင်းသတင်းထုတ်လွှင့်ခြင်းမရှိပါ။

ထို့အတူ တော်လှန်ရေးတပ်များလက်ထဲရောက် တရုတ်စီမံကိန်းများအကြောင်း ဆွေးနွေးမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း သတင်းထုတ်ပြန်ချက်တွင် ပါဝင်ခြင်းမရှိပါ။

စစ်ခေါင်းဆောင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့သည့် ယနေ့တရက်တည်းတွင် နှစ်ကြိမ်တိုင်ဆွေးနွေးခဲ့ကြပြီး စစ်တပ်ကဦးဆောင်မည့် ရွေးကောက်ပွဲနှင့် သန်းခေါင်စာရင်းအတွက် အကူအညီပေးမည်ဟုလည်း တရုတ်ဘက်က ကမ်းလှမ်းခဲ့သည်ဟုဆိုသည်။

ပြီးခဲ့သည့်သတင်းပတ်များအတွင်းကလည်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်က စစ်ကောင်စီဝန်ကြီးများနှင့် တွေ့ဆုံပြီး အလားတူ ကမ်းလှမ်းခဲ့ရာ မြန်မာ့အိမ်နီးချင်းနိုင်ငံများသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အသိအမှတ်ပြုရန် စိတ်အားထက်သန်နေကြသည်။

ဝမ်ယိသည် ထိုင်းနိုင်ငံတွင် ၉ ကြိမ်မြောက်ကျင်းပမည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးမတိုင်မီ နေပြည်တော်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ရောက်နေခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ရောက်မလာမီ ပြီးခဲ့သည့်သတင်းပတ်က ရှမ်းမြောက်တွင် ၎င်းတို့တပ်များ အထိနာနေခြင်းက တရုတ်လက်ချက်မကင်းဟု စစ်ခေါင်းဆောင်နှင့် စစ်တပ်ထောက်ခံသူများက စွပ်စွဲခဲ့ကြသည်။

ဝမ်ရိသည် နေပြည်တော်ရှိ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုကြီး (ငြိမ်း) ဦးသန်းရွှေနှင့်လည်း တွေဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဦးသန်းရွှေက မြန်မာနိုင်ငံအား ပြည်ပဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တရုတ်နိုင်ငံက အထောက်အပံ့များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ တောင်းဆိုခဲ့သည်ဟု တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည်။

အာဏာရှင်ဟောင်း၏ တောင်းဆိုချက်က လက်နက် (သို့မဟုတ်) နိုင်ငံရေးအရ စစ်ကောင်စီဘက်က ရပ်တည်ရန်အပါအဝင် မည်ကဲ့သို့သော အထောက်အပံ့မျိုးကို ဆိုလိုခြင်းဆိုသည်ကိုတော့ သတင်းထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။

ပြည်တွင်းပြည်ပရန်ကာကွယ်ရေး အထောက်အပံ့များပေးရန် တရုတ်ထံ အာဏာရှင်ဟောင်းဗိုလ်ချုပ်သန်းရွှေ အကူအညီတောင်းခံ

မြန်မာနိုင်ငံအား ပြည်ပဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တရုတ်နိုင်ငံက အထောက်အပံ့များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေက တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ တောင်းဆိုခဲ့သည်ဟု တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည်။

နေပြည်တော်သို့ ရောက်နေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေရှိရာ နေပြည်တော်နေအိမ်သို့ ယမန်နေ့ (သြဂုတ်၁၄) ညနေပိုင်းက သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အာဏာရှင်ဟောင်း၏ တောင်းဆိုချက်က လက်နက် (သို့မဟုတ်) နိုင်ငံရေးအရ စစ်ကောင်စီဘက်က ရပ်တည်ရန်အပါအဝင် မည်ကဲ့သို့သော အထောက်အပံ့မျိုးကို ဆိုလိုခြင်းဆိုသည်ကိုတော့ သတင်းထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။

၁၉၉၂ က စစ်တပ်အတွင်း တန်ပြန်အာဏာသိမ်းပွဲမှတဆင့် ၂၀၁၁ အထိ စစ်တပ်ခေါင်းဆောင်နှင့် အာဏာရှင်ဟောင်းအဖြစ် ၁၉ နှစ်ကြာအောင် နေရာယူခဲ့သည့် အသက် ၉၁ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကျန်းမာရေးကောင်းမွန်နေသည်ကိုလည်း ဆင်ဟွာကထုတ်ပြန်သည့် ဓာတ်ပုံများအရသိရသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီးနောက် သူကိုယ်တိုင် စစ်တပ်ခေါင်းဆောင်အဖြစ် လက်လွှဲပေးခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏လက်ထက်တွင် မြန်မာစစ်တပ်သည် သမိုင်းဝင်ရှုံးနိမ့်မှုအဖြစ် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA ထံ လက်လွှတ်ခဲ့ရသည်။

အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထဲတွင် အကျပ်အတည်းတွေ့နေသည့် စစ်တပ်အတွက် အာဏာရှင်ဟောင်းက တရုတ်အစိုးရထံ အကူအညီတောင်းခံခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း စစ်ကောင်စီကကျင်းပမည်ဆိုသည့် ရွှေးကောက်ပွဲနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည်စတင်ရန် ထောက်ခံကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု ဆင်ဟွာသတင်းကဆိုသည်။

ဝမ်ယိသည် ထိုင်းနိုင်ငံတွင် ၉ ကြိမ်မြောက်ကျင်းပမည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးမတိုင်မီ နေပြည်တော်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ရောက်နေခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့သည့် ယနေ့တရက်တည်းတွင် နှစ်ကြိမ်တိုင်ဆွေးနွေးခဲ့ကြပြီး စစ်တပ်ကဦးဆောင်မည့် ရွေးကောက်ပွဲနှင့် သန်းခေါင်စာရင်းအတွက် အကူအညီပေးမည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းခဲ့သည်ဟုစစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာ-တရုတ် နယ်စပ်ကိုးကန့်ဒေသမှ မိုင်၈၀ ခန့်ကွာဝေးသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးမြို့အထိ ကိုးကန့်တပ် MNDAA ကသိမ်းပိုက်ပြီးနောက် သတင်းပတ်အနည်းငယ်အကြာတွင် နေပြည်တော်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ရောက်မလာမီ ပြီးခဲ့သည့်သတင်းပတ်က ရှမ်းမြောက်တွင် ၎င်းတို့တပ်များ အထိနာနေခြင်းက တရုတ်လက်ချက်မကင်းဟု စစ်ခေါင်းဆောင်နှင့် စစ်တပ်ထောက်ခံသူများက စွပ်စွဲခဲ့ကြသည်။

ဓာတ်ပုံများ – ဆင်ဟွာသတင်းဌာန


Comments

Leave a Reply

Your email address will not be published. Required fields are marked *