သလဲဘာပျူစောထီးရွာစခန်းကို PDF များ ၅နာရီကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်

အရာတော်မြို့နယ် သလဲဘာပျူစောထီးရွာစခန်းကို PDF များ ၅နာရီကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးကျေးရွာရှိ စစ်ကောင်စီစခန်းကို အချိန်၅ နာရီကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ​ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

သြဂုတ် ၁၄ ရက် နံနက် ၅ နာရီခွဲခန့်က အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီး အထိုင်စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲချိန် ၅ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်သား သုံးဦး၊ ပျူစောထီး လေးဦး စုစုပေါင်း ခုနစ်ဦး သေဆုံးကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ ရဲဘော် နှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

စခန်းသိမ်းနိုင်ရေး ဦးတည်ခဲ့သော်လည်း အရာတော် လေ့ကျင့်ရေး (၁၀)တပ်နှင့် ငွေတွင်းပျူရွာမှ လက်နက်ကြီးပစ်ကူများနှင့် စစ်ကူများပါ ရောက်ရှိလာ၍ ဆုတ်ခွာခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့က စစ်ကူစစ်ကြောင်းကို မတားဆီးနိုင်လို့ အလက်ကောက်လို့ အဆင်မပြေခဲ့တာ။ ကျွန်တော်တို့အဲဒီရွာကို မရရအောင်ပြန်သိမ်းမယ်ဆိုတာ ပြည်သူတွေသိစေချင်တယ်။”ဟု မုံရွာခရိုင်အမှတ် (၂၁)၊ တပ်ခွဲ – ၂၊ Ngwe Dwin Revolution Force အဖွဲ့၏ တာဝန်ခံ ကိုစစ်နိုင်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို တပ်ရင်း (၂၁၊၁၉၊၂၆၊၂၂၊ Zero)တို့က ဦးဆောင်ပြီး ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ Shwebo Crocodile ၊ကျနော်တို့ ‌ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ဗိုလ်ဂျပန်ကြီး – ရွှေဘိုအဖွဲ့ ၊စွန်ရဲရွှေဘို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဒေါင်းစစ်သည် အဖွဲ့ ၊ရွှေဘိုအားမာန် အဖွဲ့ ၊HG FIGHTER ၊ EYE FOR EYE ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊Hero Brother ၊ ဖျံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Zay Yar Thawed ၊ YAUNG NI ၊ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဇာမဏီဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ BO BA Taw (LDF) ရွှေဘိုမြို့နယ် တလရ တပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(သလဲဘာရွာကို PDFများ တိုက်ခိုက်နေစဥ်)

အရာတော်မြို့နယ် စကစနဲ့ ပျူ အထိုင်စခန်းကို တိုက်ခိုက်ရာ စကစနဲ့ ပျူ ၇ ဦး သေဆုံး

စစ်ကိုင်းဒေသ၊ အရာတော်မြို့နယ်၊ သလဲဘာပျူရွာ အကြမ်းဖက်စစ်ကောင်စီ အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဩဂုတ် ၁၄ ရက်၊ မနက် ၅ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစ တပ်ဖွဲ့ဝင် ၃ ဦး၊ ပျူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သလဲဘာပျူရွာအထိုင်စခန်းကို စခန်းပတ်လည်ရှိ နင်းမိုင်းတွေကြား ခက်ခဲစွာ ကြိုးစားတိုက်ခိုက်ခဲ့ရာ စကစ တပ်ဖွဲ့ဝင် ၃ ဦး၊ ငွေတွင်းရွာ ပျူ တဦး၊ သလဲဘာရွာ ပျူ ၃ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး တပ်ရင်း ၁၉ မှ တော်လှန်ရေးရဲဘော် တဦးနဲ့ zero အဖွဲ့မှ ရဲဘော် တဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းနိုင်ဖို့ နီးစပ်ခဲ့ပေမဲ့ အရာတော် လေ့ကျင့်ရေး ၁၀နဲ့ ငွေတွင်းပျူအထိုင်စခန်းမှ လက်နက်ကြီး ပစ်ကူပေးခြင်း၊ စကစဘက်မှ စစ်ကူ အများအပြား ရောက်ရှိလာတာကြောင့် စခန်းသိမ်းနိုင်ခြင်း မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တပ်ရင်း ၂၁၊ ၁၉၊ ၂၆၊ ၂၂ နဲ့ Zero အဖွဲ့က ဦးဆောင်ပြီး ရွှေဘိုမြို့နယ် ပလဖ ၊ Shwebo Crocodile ၊ ‌ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်ဂျပန်ကြီး – ရွှေဘိုအဖွဲ့၊ စွန်ရဲရွှေဘို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းစစ်သည် အဖွဲ့၊ ရွှေဘိုအားမာန်အဖွဲ့၊ HG FIGHTER ၊ EYE FOR EYE ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Hero Brother ၊ ဖျံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Zay Yar Thawed ၊ YAUNG NI ၊ ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ BO BA Taw LDF ပူးပေါင်း ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *