ရေစကြိုတွင် စစ်ကောင်စီလက်နက်ကြီးကျည်ထိမှန်၍ မဘသဆရာတော်ကျောင်း ပျက်စီး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ဆရာတော်၏ ကျောင်းတိုက် ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ် ၁၃ရက် ညပိုင်းက စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ငါးကြိမ် ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ ရေစကြိုမြို့နယ်၊ ရွာသစ်ရွာမြောက်ပိုင်း ကန်ဦးဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းအဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ(Yesagyo Township Info Commettee)၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါကျောင်းမှ ဆရာတော်သည် မဘသအဖွဲ့ဝင်ဖြစ်ပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီ မဲပေးကြရန် လိုက်လံစည်းရုံးခဲ့သော ဘုန်းကြီးဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

“ဆရာတော်က မင်းအောင်လှိုင်ကို ကျိန်ဆဲနေတယ်ပြောတယ်။”ဟု ရေစကြိုဒေသခံတစ်ဦးကပြောသည်။

ရေစကြိုမြို့ ရုံးပေါင်းစုံဝင်းအတွင်းရှိ စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေ၍ ပြည်သူများ ထိခိုက်သေဆုံးမှုရှိနေသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရွာသစ်ရွာ မြောက်ပိုင်း ကံဦးဘုန်းကြီးကျောင်းတွင် ဩဂုတ်လ (၁၃) ရက်နေ့ ညပိုင်းက ရုံးပေါင်းစုံအတွင်းမှ မအလ စခများ ပစ်ခတ်သောလက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး မဘသကိုယ်တော် အသက်ဘေးမှ သီသီလေးလွတ်ကာ ကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

၎င်းကျောင်းထိုင်ကိုယ်တော်သည် စစ်တပ်ထောက်ခံသော ဆင်ချောင်း စိုးမောင် ကိုးကွယ်သည့် မဘသ ကိုယ်တော်ဖြစ်ပြီး ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် ကြံခိုင်ရေးပါတီကို မဲပေးကြဘို့ စိုးမောင်နှင့် အတူ ကြိုးပမ်းဆောင်ရွက်ခဲ့သော ဘုန်းကြီးဖြစ်ကြောင်း၊ ဆင်ချောင်းသား စိုးမောင် ရေစကြိုလာလျှင် ကံပွင့်မိသားစုတိုက်သွားပြီး အဆိုပါဘုန်းကြီးကျောင်းသွားလေ့ရှိကြောင်း သိရှိရပါသည်။

ဩဂုတ်လ (၁၃) ရက်နေ့ ညပိုင်းက ရုံးပေါင်းစုံအတွင်းမှ မကြာမှီ အဝီစိသွားကြမည့် မအလ စခများ မူးရူးသောက်စားကာ လက်နက်ကြီးများဖြင့် (၅) ကြိမ် ပစ်ခတ်ခဲ့ပြီး တစ်လုံးမှာ ကံဦးဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အသက်မသေသော်လည်း ဂယောင်ကတန်းဖြစ်ကာ ကြောက်လန့်၍ ရူးကြောင်ကြောင် ဖြစ်နေပြီး မင်းအောင်လှိုင်ကို ကြိမ်ဆဲနေကြောင်း ၊ တိုင်းပြည်ကို ဖျက်ဆီးပြီး တတိုင်းလုံး တပြည်လုံး ဒုက္ခရောက်အောင် လုပ်နေသူဖြစ်ကြောင်း မအလနှင့် လူစိတ်ပျောက်ကာ ရမ်းကားနေသော စခများ အမြန်ပျက်စီးကျဆုံးပါစေကြောင်း ပြောဆိုကာ ကြိမ်ဆဲနေကြောင်း နီးစပ်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

(လက်နက်ကြီးထိမှန်ခဲ့သော မဘသဆရာတော်၏ကျောင်းအား တွေ့ရစဥ် ဓာတ်ပုံ-Yesagyo Township Info Commettee)


Comments

Leave a Reply

Your email address will not be published. Required fields are marked *