သပိတ်ကျင်းတွင် ခလရ ၁၄၈ တပ်ရင်းနှင့် ဖော့တောလမ်းဆုံ စစ်စခန်းကို သိမ်းပိုက်ရရှိမှု စစ်သား ၂၀ ကျော်သေဆုံး၊ စစ်တပ်၏ ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူး အပါအဝင် စစ်သား ၅ ဦးအရှင်ဖမ်းဆီးရရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခလရ ၁၄၈ တပ် ရင်းနှင့် ဖော့တောလမ်းဆုံ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်သား ၂၀ ကျော်သေဆုံးကာ စစ်တပ်၏ ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူး အပါ အဝင် စစ်သား ၅ ဦးအရှင်ဖမ်းဆီးရရှိကြောင်း People’s Liberation Army-PLA မှ တာဝန်ရှိသူကပြောကြားသည်။

ဩဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီအချိန် သပိတ်ကျင်းမြို့နယ်ရှိ ခလရ ၁၄၈ တပ်ရင်းကို TNLA ၊ မိုးကုတ်ဗျူဟာနှင့် PLA ​ ပြည်သူ့လွတ်မြောက်ရေးတပ်မ တော် ၂၂၂ တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ခလရ ၁၄၈ တပ် ရင်းကို တိုက်ခိုက်ရာတွင် စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးကြောင်းသိရှိရသည်။

ဩဂုတ်လ ၁၄ ရက်နေ့တွင် မိုးကုတ်-သပိတ်ကျင်း-မန္တလေး လမ်းဆုံရှိ ဖော့တောလမ်းဆုံ စခန်းကို ​တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ဆက်လက်၍ သပိတ်ကျင်းမြို့နယ် ၊ ၇ မိုင်ရှိ အမှတ် ၁၃ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းကို တော်လှန်ရေး တပ်များက ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်းသိရှိရသည်။

“ အမှတ် ၁၃ တန်းမြင့် လေ့ကျင့်ရေးတပ် ကို တိုက်နေတုန်းပါပဲ။ တိုက်ပွဲ ပြင်း ထန်ပါတယ်။ ခလရ ၁၄၈ ကို သိမ်းတုန်းက စစ်ခွေး ၂၀ ကျော်သေတယ်။ အရှင်ဖမ်းမိတာတွေလည်း ရှိတယ်။ သိမ်းဆည်းလက်နက်စာရင်းအတိအကျမသိရသေးပါဘူး။ တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်မှုတော့ ရှိပါတယ်” ဟု People’s Liberation Army-PLA မှ တာဝန်ရှိသူကပြောကြားသည်။

အရှင်ဖမ်းဆီးရရှိသူများမှာ စစ်တပ်၏ ဘီလူးစစ်ကြောင်းမှ ဖြစ်ပြီး စစ် ကြောင်း မှူး အပါအဝင် စစ်သား ၅ ဦးအရှင်ဖမ်းဆီးရရှိကြောင်း၊ စစ်တပ်၏ ဘီလူး စစ်ကြောင်းသည် ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်သော စစ် ကြောင်း ဖြစ်ပြီး ခေါင်းဖြတ်၊ ခြေဖြတ်၊ လက်ဖြတ် စသည်ဖြင့် ရက်ရက် စက်စက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သော စစ်တပ်စစ်ကြောင်းဖြစ်ကြောင်းသိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *