ဒီပဲယင်းမြို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်

နမခ နဲ့ မိုင်(၄၀)အကွာက မြို့ကို သုံးရက်ကြာ တိုက်ခိုက်ပြီး သိမ်းယူနိုင်တာဖြစ်

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့ကို ဒီမနက်ပိုင်းမှာ အလုံးစုံ သိမ်းပိုက်ရရှိခဲ့ပြီလို့ တော်လှန်ရေး အဖွဲ့တွေက ပြောပါတယ်။

ဒီပဲယင်း မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ပွဲဝင်တဲ့ 96 Soldiers -PDF ခေါင်းဆောင် ကိုဇေယျာလွင်ကလည်း အတည်ပြုပါတယ်။

“အဖွဲ့အားလုံးရဲ့ စုပေါင်းအားနဲ့ ဒီပဲယင်းမြို့ကို သိမ်းနိုင်ခဲ့ပါပြီ။ စစ်ကိုင်း အောက်ပိုင်းမှာ ပထမဆုံး သိမ်းနိုင်ခဲ့တဲ့ မြို့ပါ”လို့ ကိုဇေယျာလွင်က ဆိုပါတယ်။

ဒီပဲယင်းမြို့ကို သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေက ဩဂုတ်လ(၁၆)ရက်မှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သုံးရက်မြောက်နေ့ ဖြစ်တဲ့ ဩဂုတ်လ(၁၈)ရက် ဒီမနက်ပိုင်းမှာ အလုံးစုံ သိမ်းယူနိုင်တာ ဖြစ်ပါတယ်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို 96 soldier ၊ အဖြူရောင် ၊ ဒီပဲယင်းမြို့နယ် ပကဖ အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီပဲယင်းမြို့ဟာ စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ တည်ရှိရာ မုံရွာမြို့နဲ့ မိုင်(၄၀)သာ ကွာဝေးပါတယ်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေချိန် စစ်အုပ်စုက လေကြောင်းပစ်ကူကာ အသည်းအသန် ခုခံခဲ့ပြီး မနေ့က တစ်ရက်တည်း လေကြောင်းဗုံးကြဲမှု အကြိမ်ရေ ဆယ်နဲ့ချီတယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့ကို အပြီးသတ် မသိမ်းနိုင်သေးခင် ယခုနှစ်ဆန်းကတည်းက တော်လှန်ရေးတပ်တွေက မြို့ရဲ့ ထက်ဝက်ကျော်ကို စိုးမိုးထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒီပဲယင်းမြို့သိမ်း တိုက်ပွဲမှာ အလံဖြူထောင် လက်နက်ချသူ (၁၂၀)ကျော်ရှိ

လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

နမခ နဲ့ မိုင်(၄၀)အကွာက မြို့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ပြီး သိမ်းယူနိုင်တာဖြစ်

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့ကို ဒီမနက်ပိုင်း သိမ်းပိုက်နိုင်ခဲ့ရာ အလုံဖူထောင် လက်နက်ချသူ (၁၂၃)ဦး ရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ တော်လှန်ရေး အဖွဲ့တွေက ပြောပါတယ်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း အလံဖြူထောင် လက်နက်ချသူ အများစုဟာ ပျူနဲ့ စစ်အုပ်စု လက်အောက်ခံ Non CDM ဝန်ထမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“စကစနဲ့ပျူတချို့ ထွက်ပြေးသွားကြပြီး အလံဖြူထောင် လက်နက်ချ ပူးပေါင်းသူ စုစုပေါင်း ထိန်းသိမ်းထားသူ (၁၂၃)ဦး ရှိ။ ပျူ နှစ်ဦး၊ Non CDM ဝန်ထမ်း (၄၁)၊ မိသားစုဝင် (၈၀)လို့ သိရပြီး ကောင်းမွန်စွာ စောင့်ရှောက်ပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုများကို မြို့ထဲမှာပဲ ဆောင်ရွက်ပေးနေတယ်လို့ ကနဦး သတင်းရရှိပါတယ်” လို့ စစ်ကိုင်းတိုင်း ပကဖ က ဖော်ပြပါတယ်။

ဒီပဲယင်းမြို့ကို သိမ်းပိုက်နိုင်ဖို့ ဩဂုတ်လ(၁၆)ရက်က စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သုံးရက်မြောက်နေ့ ဖြစ်တဲ့ ဩဂုတ်လ(၁၈)ရက် ဒီမနက် (၆)နာရီခွဲအကျော်မှာ မြို့ကို အလုံးစုံ သိမ်းယူနိုင်တာလို့ ဆိုပါတယ်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို အမှတ်(၁)စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ ကွပ်ကဲမှုနဲ့ ရွှေဘိုခရိုင်အတွင်းရှိ တပ်ရင်းတွေ၊ ရွှေဘိုခရိုင် ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖ၊ ဘုတလင်မြို့နယ် ပကဖတို့ ပါဝင် တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ ရေဦးမြို့က ထွက်လာပြီး ဒီပဲယင်းနယ်ထဲ ဝင်လာတဲ့ စစ်အုပ်စု စစ်ကူစစ်ကြောင်းကို ရေဦးနဲ့ ဒီပဲယင်း ပကဖ တပ်ဖွဲ့ဝင်တွေက ထိရောက်စွာ တားဆီးနိုင်ခဲ့ပြီး ဆက်လက် တိုက်ခိုက်နေဆဲလို့ စစ်ကိုင်းတိုင်း ပကဖ က ဆိုပါတယ်။

ဒီပဲယင်း မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ပွဲဝင်တဲ့ 96 Soldiers -PDF ခေါင်းဆောင် ကိုဇေယျာလွင်က “အဖွဲ့အားလုံးရဲ့ စုပေါင်းအားနဲ့ ဒီပဲယင်းမြို့ကို သိမ်းနိုင်ခဲ့ပါပြီ။ စစ်ကိုင်း အောက်ပိုင်းမှာ ပထမဆုံး သိမ်းနိုင်ခဲ့တဲ့ မြို့ပါ”လို့ ဒီမနက် လူမှုကွန်ယက်မှာ ရေးပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *