ရပ်စောက်ကို အင်အားဖြည့်ဖို့ တောင်ကြီးတပ်ရင်းနဲ့ စစ်မှုထမ်းအသစ်တွေ စစ်ကောင်စီ စေလွှတ်

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် အခြေစိုက် ခလရ ၅၁၀ တပ်ရင်းဟာ စစ်ကား ၅ စီး၊ လူအင်အား ၂၀၀ ခန့်နဲ့ ဒီနေ့ ဩဂုတ် ၁၉ ရက် မနက် ၆ နာရီခန့်မှာ ရပ်စောက်ကို စစ်ကူပေးဖို့ ဆင်းသွားပြီလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာမှာ မနေ့ ဩဂုတ် ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက်က အထိနာခဲ့တာကြောင့် ဒီရက်ပိုင်းအတွင်း အင်အားဆက်တိုက် ဖြည့်တင်းနေတာပါ။

“တိုက်ပွဲတော့ နေ့တိုင်း ဖြစ်တယ်။ စစ်တပ်ဖက်က တစ်ခါတစ်လေ အိမ်စီးကားတွေနဲ့ လာတယ်” လို့ ကျောက်ဂူဒေသခံ တစ်ဦးက ပြောပါတယ်။

အလားတူ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာမှာလည်း စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA)က တပ်စွဲထားပြီး ၃ ရက်တစ်သုတ်နဲ့ စစ်သင်တန်းပေးကာ ကျောက်ဂူကျေးရွာဘက်ကို စစ်ကူဆက်တိုက် ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပင်ဖြစ်ကျေးရွာမှာလည်း ရွာခံအမျိုးသမီးတွေကိုပါ လုံခြုံရေး ကင်းစောင့်ခိုင်းတာတွေ ပြုလုပ်နေပြီး ဒီတစ်ကြိမ် စစ်သင်တန်းပေးတာကိုတော့ ငွေကြေးနဲ့ ညှိနှိုင်းခွင့် မပြုဘူးလို့ သိရပါတယ်။

ဩဂုတ်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကျောက်ဂူတိုက်ပွဲမှာတော့ စစ်ကောင်စီဖက်က ၉ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၈ ဦးနဲ့အတူ သေနတ် ၁၉ လက် သိမ်းဆည်းရမိထားတယ်လို့ DPLF က ထုတ်ပြန်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *