မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှူး ၂ လအတွင်း ၃ ယောက်ပြောင်း

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအဖြစ် ရှမ်းမန်းစစ် ဆင်ရေးစတင်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီက အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် စစ်တိုင်းမှူးနေရာကို သုံးယောက်အထိ ပြောင်းလဲခန့်အပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် အခြေစိုက်သည့် အလယ်ပိုင်းတိုင်း(လပခ)တွင် နှစ်လအတွင်း နယ်မြေများဆုံးရှုံးပြီး စစ်တိုင်း အချက်အလက်များ ပေါက်ကြားကာစစ်ရှုံးနေ၍ စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြည်ခိုင်၊ ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် ယခုလက်ရှိ ဗိုလ်ချုပ်ကျော်ကိုထိုက်တို့ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူး နေရာ အပြောင်းအလဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလယ်ပိုင်းတိုင်း စစ်တိုင်းမှူးဖြစ်သည့် ဗိုလ်ချုပ်ကြည်ခိုင်ကို ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့က စစ်ကောင်စီတပ်လက်ချက်ဖြင့် ပျံလွန်တော်မူခဲ့သည့် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်တော် မူသည့်ကိစ္စ၊ မတ္တရာမြို့နယ်ရှိ အင်းကြင်မြိုင် လေကြောင်းရန်ကာကွယ်ရေးတပ် အသိမ်း ခံလိုက်ရသည့် ကိစ္စတို့နှင့်ပတ်သက်၍ တိုင်းမှူးအဖြစ်မှ အနားပေးခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြည်ခိုင်ကို ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့က စစ်ကြောရေးသို့ပို့ဆောင်ပြီး တိုင်းမှူးအဖြစ်မှ ဖြုတ်ချကာ ၎င်း၏ လက် အောက်ရှိ အရာရှိများကိုပါ စစ်ကောင်စီက အရေးယူခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြည်ခိုင်သည် စစ်တက္ကသိုလ်အပတ်စဉ် (၃၇) ဆင်းဖြစ်ပြီး မကွေးတိုင်း၊ ရေစကြို ဇာတိဖြစ်ကာ တပ်မတော်နည်းပညာတက္ကသိုလ် DSTA ကျောင်းအုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူးအဖြစ် ခန့်အပ်ခံရပြီး မန္တလေးနှင့် ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီဆန့် ကျင်သူများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သူတစ်ဦးဖြစ်သည့်အတွက် စစ်ခေါင်းဆောင်အားထားရသည့် စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။

ထို့နောက် စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြည်ခိုင်နေရာတွင် ဗိုလ်ချုပ်အောင်ခိုင်ဝင်း စစ်တက္ကသိုလ် အပတ်စဉ် (၃၆) ဆင်းကို အစားထိုးခန့် အပ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို အလယ်ပိုင်းတိုင်း စစ်တိုင်းမှူးအဖြစ် အစားထိုးခန့်အပ်ပြီးနောက် ယခု ရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာသည့် တပ်တွင်း၊ တပ်ပြင် စစ်အင်အား နေရာချထားမှုများ၊ ရှေ့တန်းနှင့် နောက်ချန်အင်အား ထုတ်နုတ်စာရင်းများ ပေါ်ထွက်လာခြင်းနှင့်အတူ အလယ်ပိုင်းအတွင်းတိုက်ပွဲများတွင် စစ်ရေးအရ ရှုံးနိမ့်နေမှုများကို တာဝန်ခံခိုင်းသည့်အနေဖြင့် စစ်တိုင်းမှူးအဖြစ်မှ ထပ်မံဖြုတ်ချခဲ့သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သည် စစ်တိုင်းများရှိ တပ်ထုတ်နုတ်အင်အားစာရင်းများ၊ ကြေးနန်းများ၊ တပ်အပြောင်းအရွှေ့များ၊ ရှိ/ထွက်စာများကိုင်ထားရ သည့် စစ်တိုင်းတစ်ခုဖြစ်ပြီး ၎င်းစာရင်းများပေါက် ကြားမှုအတွက် ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို အနားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူးအဖြစ် စစ်တက္ကသိုလ်အပတ်စဉ် (၃၈) ဆင်း ဗိုလ်ချုပ် ကျော်ကိုထိုက်ကို ဗိုလ်ချုပ်အောင်ခိုင်ဝင်းနေရာ၌ အစားထိုးခန့်အပ်လိုက်ကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံက သိရသည်။

ရှမ်းမန်းစစ်ဆင်ရေးအနေဖြင့် အလယ်ပိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များက စဉ့်ကူးမြို့နယ်၊ တကောင်းမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့ကို သိမ်း ပိုက်ထားပြီး မတ္တရာမြို့နယ်ထဲတွင်လည်း စစ်ကောင် စီတပ်စခန်း ၃၀ ကျော်နှင့် အင်ကြင်းမြိုင်လေကြောင်ရန်ကာကွယ်ရေးတပ်၊ အယ်လ်ဖာဘိလပ်မြေ စက်ရုံ၊ တကောင်းနီကယ်စက်ရုံ၊ ကျော MOGE ရေနံမှော်ကင်း စခန်းစသည်တို့ကို တိုက်ခိုက် သိမ်းပိုက်ထားသည်။

ပုံစာ-အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှူးအဖြစ်မှ အနားပေးခံရသည့် ဗိုလ်ချုပ်အောင်ခိုင်ဝင်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *