ဆင်မင်းဈေးကားမှတ်တိုင်တွင် လိုင်းကားရပ်စောင့်နေသူ ပြည်သူ များကို နိုက်ကလပ်မှ ပြန်လာသော စုံတွဲ မောင်းနှင်လာသော ကားက ဝင်တိုက်မှု

အလုံမြို့၊ ဆင်မင်းဈေးကားမှတ်တိုင်တွင် လိုင်းကားရပ်စောင့်နေသူ ပြည်သူ များကို နိုက်ကလပ်မှ ပြန်လာသော စုံတွဲ မောင်းနှင်လာသော ကားက ဝင်တိုက်မှု ၄ ဦးသေဆုံးပြီး ၃ ဦး အပြင်း အထန်ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ဆင်မင်းဈေးကားမှတ်တိုင်တွင် လိုင်းကားစောင့်နေသော ပြည်သူများကို နိုက်ကလပ်မှ ပြန်လာသော စုံတွဲ မောင်းနှင်သည့် အဖြူရောင် တိုယိုတာ ကယ်ဒီးနား အိမ်စီးကားက ဝင်တိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ် ရာရခဲ့ကြောင်း ရန်ကုန်မြို့နေပြည်သူများကပြောကြားသည်။

ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၃ မိနစ်အချိန် အလုံမြို့နယ်၊ ဆင်မင်းဈေးကား မှတ်တိုင်တွင် လိုင်း ကားစောင့်နေသူများကို နိုက်ကလပ်မှ ပြန်လာသည့် စုံတွဲ မောင်းနှင်လာသော ကားက ဝင်တိုက်ခဲ့ရာ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။

“ ကားမောင်းလာတဲ့ စုံတွဲက ခရိုနီသားသမီးစုံတွဲလို့သိရတယ်။ တစ်ညလုံး နိုက်ကလပ်မှာ မူးရူးသောက်စားပြီး အပြန်မှာ ကားရပ်စောင့်နေတဲ့ သူတွေကို ဝင်တိုက်တာ၊ အလုံမြို့ဆင်မင်းဈေးကားမှတ်တိုင်မှာပါ၊ တိုက်မိတာက ၇ ယောက် တိုက် မိတာ၊ ၄ ယောက်သေပါတယ်။ ၃ ယောက်က အကျိုးအပဲ့နဲ့ ဘဝပျက်ပဲ။ အင်မတန် ဝမ်းနည်း ဖွယ်ရာ ဖြစ်ရပ်ပါ။ လူမဆန်စွာ မောင်းနှင်မှုကြောင့် ဖြစ်ရတာပါ။ ဘာတာဝန်ခံမှုမှမရှိဘူး။ လူ တွေတိုက်ပြီးတော့ ရပ်ထားတဲ့ လိုက်ထရပ်ကားကိုတောင် လဲကျအောင်တိုက်ပစ်လိုက်တာ၊ မဆင် မခြင်ထင်တိုင်းကြဲ နေကြတာပါ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

ကားမောင်းသူကို သက်ဆိုင်ရာ အလုံမြို့မရဲစခန်းက ဖမ်းဆီးထားသည်ဟု သိရှိရသော်လည်း အသေးစိတ် အခြေအနေကို မသိရှိရကြောင်း၊ သေဆုံးသူ ၄ ဦးမှာလည်း နာရေးကိစ္စပြီးစီးပြီဖြစ် ကြောင်း၊ သို့ရာတွင် သေဆုံးသူနှင့်ထိခိုက်သူများကို တစ်စုံတစ်ရာ လျော်ကြေးပေးခြင်း၊ တာဝန်ယူခြင်းလုံး၀ မရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *