တောင်သာ၊ နတ်စောင့်ကျေးရွာရှိ စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေးတပ်များက မီးရှို့ဖျက်ဆီး (ရုပ်သံ)

တောင်သာ၊ နတ်စောင့်ကျေးရွာရှိ စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေးတပ်များက မီးရှို့ဖျက်ဆီးပြီးနောက် တိုက်ပွဲဖြစ်ပွား

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်များက မီးရှို့ ဖျက်ဆီးပြီးနောက် အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ကာ ခဲယမ်းအချို့သိမ်းဆည်း ရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း MDA – 3 Taungtha Youth မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဩဂုတ်လ ၁၈ ရက်နေ့ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာတွင် ဂိတ်ချတပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲများက စခန်းစွန့်ခွာသွားသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ စစ်တပ်ဂိတ်စခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် ဇဂျမ်း ကျေးရွာတောင်ဘက်တွင် ကင်းပတ်နေသော စစ်သား၊ ရဲများနှင့် ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ပစ် ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်းသိရသည်။

“ဂိတ်စခန်းက စစ်ခွေးတွေ စခန်းစွန့်သွားလို့ မီးသွားရှို့ခဲ့တာ၊ အပြန်မှာ ဇဂျမ်းရဲစခန်းကနေ ကင်းပတ် လာတဲ့ စကစတွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်မှုက ၁၅ မိနစ် လောက်ပဲ ကြာမယ်။ စစ်သားတွေ ခွေးပြေး၊ ဝက်ပြေး ထွက်ပြေးကြလို့ ကျကျန်ခဲ့တဲ့ ပစ္စည်းတချို့ကို ကောက်ယူ သိမ်းဆည်းနိုင်ခဲ့တာပါ၊ ထိခိုက်သေဆုံးမှုကတော့ အတိအကျ မသိရသေးပါဘူး။ ဆိုင်ကယ်တွေနဲ့ စစ်သားတွေ ပြန်ပြေးသွား ကြတာ” ဟု မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း MDA – 3 Taungtha Youth မှ တာဝန် ရှိသူက ပြောကြားသည်။

ထိုသို့ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်သား၊ ရဲများ ထွက်ပြေးသွားစဉ် ခဲယမ်းအချို့နှင့် ငွေကျပ် ၅ သောင်း ကျကျန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့ကြောင်း၊ အဆိုပါ လုပ်ဆောင်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *